ရှမ်းမြောက်တိုက်ပွဲတွေအတွက် ကာ/လုံခေါ်၊ စစ်ကိုင်းမှာ ပွဲလန့်တုန်းဖျာခင်းတယ်လို့ စစ်ခေါင်းဆောင် ပြော

ရှမ်းမြောက်တိုက်ပွဲတွေအတွက် ကာ/လုံခေါ်၊ စစ်ကိုင်းမှာ ပွဲလန့်တုန်းဖျာခင်းတယ်လို့ စစ်ခေါင်းဆောင် ပြော

လက်ရှိဖြစ်ပွားနေတဲ့ ရှမ်းမြောက်ဒေသ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုဝင်ဘာ ၈ ရက် ဒီကနေ့မှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူဆွေးနွေးခဲ့တယ်လို့ စစ်တပ်ပိုင် မီဒီယာတွေမှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီခေါ်ယူတဲ့ ကာလုံအစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဦးဟင်နရဗန်ထီးယူနဲ့ ကာလုံမှာပါဝင်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေတက်ရောက်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး MNDAA တပ်အနေနဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ကိစ္စတွေနဲ့ ကိုးကန့်ဒေသကို ထိန်းချုပ်လိုတာကြောင့် တိုက်ခိုက်တာဖြစ်ပြီး TNLA တပ်အနေနဲ့ ပလောင်ဒေသကို ထိန်းချုပ်လိုလို့ တိုက်ခိုက်တာလို့ စစ်ခေါင်းဆောင်က ကာလုံအစည်းအဝေးမှာ ပြောပါတယ်။

ဒါ့အပြင် ရှမ်းမြောက်ဒေသဖြစ်ပွားနေတဲ့ အခြေအနေတွေမှာ ပွဲလန့်တုန်းဖျာခင်းတဲ့အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက နေရာတချို့မှာ PDF တွေကဝင်ရောက်တိုက်ခိုက်ကြောင်း၊ PDF တွေနဲ့အတူ KIA နဲ့ AA အဖွဲ့လည်းပါဝင်တယ်လို့ ပြောပါတယ်။

လက်ရှိမှာ ရှမ်းမြောက်ဒေသနေရာတချို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ဖြစ်ပွားနေတဲ့ အခြေအနေတွေအပေါ် လိုအပ်တဲ့တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်မယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ကာလုံအစည်းအဝေးရဲ့ နောက်ဆုံးအပိုင်းမှာတော့ ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တပ်မတော်က အခုလို စွမ်းစွမ်းတမံ မဆောင်ရွက်ခဲ့ပါက တိုင်းပြည်က အစိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်တယ်လို့လည်း ထည့်သွင်းပြောဆိုသွားပါတယ်။

#မြေလတ်အသံ

#ကာလုံ #အစည်းအဝေး #စစ်ကောင်စီ #ရှမ်းမြောက်ဒေသ #တိုက်ပွဲဖြစ်ပွား #KIA #AA #TNLA #MNDAA #PDF #ရှမ်းမြောက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10