သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ရှမ်းမြောက်ဒေသတိုက်ပွဲတွေမှာ သွားရောက်တိုက်ခိုက်နေတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ People's Defence Army က တပ်ဖွဲ့ဝင်ရဲဘော်ရဲ့ဇနီးကို မီးဖွားစရိတ်ထောက်ပံ့ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းထံက သိရပါတယ်။
ဘုတလင်မြို့နယ်အတွင်းနေထိုင်တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ မှ တပ်ဖွဲ့ဝင် ရဲဘော် ဟန်ထူးဇော်ရဲ့ ဇနီးဖြစ်သူကိုယ်ဝန်သည်ကို တပ်ရင်းက မီးဖွားစရိတ် ကျပ် ၃ သိန်း ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။
“ ရဲဘော်ရဲ့အမျိုးသမီးက ယောက်ျားလေးမွေးတာပါ။သူရဲ့အမျိုးသားက ရှမ်းမြောက်ဘက်မှာတာဝန်ထမ်းဆောင်ဖို့သွားနေတဲ့အချိန်မှာ အခုလိုမျိုးအဆင်ပြေချောချောမွေ့မွေ့နဲ့ မွေးဖွားပေးနိုင်တဲ့အတွက် ဝမ်းသာတာပေါ့” လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ People's Defence Army တပ်ရေးဗိုလ်ကြီး ကိုသူရ(ခ) ကိုစံရှည်က ပြောပါတယ်။
ရဲဘော် ဟန်ထူးဇော် ဟာ ရှမ်းမြောက်ဒေသတိုက်ပွဲတွေမှာ သွားရောက်တိုက်ပွဲဝင်နေတာ ၆ လခန့်ရှိပြီဖြစ်ပြီး လက်ရှိအထိ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
“ ကျနော်တို့ တပ်ရင်း၊တပ်ဖွဲ့တွေအနေနဲ့ကလည်း မပြည့်စုံပေမဲ့လည်း အဆင်ပြေသလောက်ထောက်ပံ့ပေးနိုင်တဲ့အတွက် ကျနော်တို့ဝမ်းသာမိတယ်” လို့ သူကဆက်ပြောပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ဘုတလင် #ရဲဘော် #ဇနီး #မီးဖွားစရိတ် #ထောက်ပံ့
Share Share Share