ရှေ့တန်းပြန် PDF တွေကို PRA-Magway ဌာနချုပ်က သပြေပန်းနဲ့ကြိုဆို

ရှေ့တန်းပြန် PDF တွေကို PRA-Magway ဌာနချုပ်က သပြေပန်းနဲ့ကြိုဆို

မကွေးတိုင်းအတွင်းမှာ ၅ လကျော်ကြာ စစ်ကောင်စီတပ်သားတွေကို တိုက်ပြီးပြန်လာတဲ့ PDF ရဲဘော်တွေကို PRA-Magway ဌာနချုပ်စခန်းမှ ရဲဘော်တွေက သပြေပန်းနဲ့ကြိုဆိုခဲ့ကြပါတယ်။
 
တိုက်ပွဲအတွင်းကပြန်လာတဲ့ People Revolution Alliance Magway - PRAM က ရဲဘော်တွေကို ဖေဖော်ဝါရီလ ၂၃ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ ကြိုဆိုခဲ့ကြတာပါ။
“ရဲဘော်တွေကို PRA-Magway ဌာနချုပ်စခန်းမှာပဲ ကြိုဆိုမှုလုပ်တာ၊ ဒီနေ့မွန်းလွဲပိုင်းမှာ ရောက်လာတယ်၊ ဌာနချုပ်မှာရှိတဲ့ ရဲဘော်တွေ၊ စစ်မေတွေက ကြိုဆိုခဲ့တာ၊ တိုက်ပွဲသွားတာ ၅ လကျော်လောက် ကြာမြင့်ခဲ့ပါတယ်” လို့ People Revolution Alliance Magway စစ်ဦးစီချုပ် ဗိုလ်ဟာကြူလီက ပြောပါတယ်။
 
ဒီတိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးရဲဘော်တွေဘက်က ကျဆုံးမှုမရှိခဲ့ဘူးလို့လည်း ဗိုလ်ဟာကြူလီက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁ ရက်ကတည်းက ရှေ့တန်းထွက်ခဲ့ကြတာဖြစ်ပြီး၊ ဒီကာလအတွင်း စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တာ၊ ခြုံခိုတိုက်ခိုက်တာနဲ့ မိုင်းဆွဲတိုက်ခိုက်တာတွေကို ၇ ကြိမ်ထက်မနည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10