သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အခြေပြုလှုပ်ရှားနေတဲ့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF မှ ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ဈာပနအခမ်းအနားကို ခရစ်ယာန်ထုံးတမ်းအစဉ်အလာအတိုင်းပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ ဆီက သိရပါတယ်။
တိုက်ပွဲကျသေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ် ရဲဘော်ဗစ်တာဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်က မြောက်ခရမ်း (လေးရွာ)အနီး စစ်ကောင်စီတပ်နဲ့ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုအတွင်း လက်နက်ကြီးဗုံးစထိမှန် ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
“ ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ ၂ ချက်ပစ်တယ်၊ ၃ ချက်မြောက်မှာ ဟိုဘက်က ကောင်တာ(တန်ပြန်) ပြန်ထုလို့ ကျဆုံးခဲ့တာ၊ ရဲဘော်က ခရစ်ယာန်ဖြစ်နေလို့ ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရ ဈာပနကို ပြုလုပ်ခဲ့ပါတယ်” လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တာဝန်ခံရဲဘော်လူလှက ပြောပါတယ်။
ရဲဘော် ဗစ်တာ ဈာပနကို အောက်တိုဘာ ၂၈ ရက် မနေ့က ခရစ်ယာန်ဘာသာထုံးတမ်းအစဉ်အလာအတိုင်း ဝတ်ပြုဆုတောင်းပြီးနောက် မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့ပြီး မိသားစုဝင်တွေအပြင် မဟာမိတ်ရဲဘော်အများအပြားက လိုက်ပါပို့ဆောင်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
“ ကျနော်တို့ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာအရ သင်္ဂြိုဟ်လို့ရှိရင် အရိုးယူရင်ရတာကို အရိုးယူမယ် ဆိုတော့၊ သူတို့(မိသားစု)က မြေပဲမြုပ်မယ်ဆိုတော့ သူတို့ရဲ့ဆန္ဒအတိုင်းမြေမြုပ်ပေးခဲ့ပါတယ်” အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။
ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF မှာ ရဲဘော်ဗစ်တာအပြင် ဌာနမှူးအဆင့်အရာရှိအပါအဝင် ရဲဘော် ၆ ဦး ကျဆုံးထားတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မကွေး #ဂန့်ဂေါ #ရဲဘော် #ကျဆုံး #ဈာပန
Share Share Share