လက်ပစ်ဗုံးကိုင်ဆောင်ထားသူ အမျိုးသား ၂ ဦးကို PDF က ဖမ်းဆီးစစ်ဆေးနေ

လက်ပစ်ဗုံးကိုင်ဆောင်ထားသူ အမျိုးသား ၂ ဦးကို PDF က ဖမ်းဆီးစစ်ဆေးနေ

မန္တလေးတိုင်း၊ မြင်းခြုံမြို့အနီးမှာ ဒေသခံကာကွယ်ရေးတပ်တွေ စစ်ဆေးရေးလုပ်နေချိန် လက်ပစ်ဗုံးကိုင်ဆောင်ထားတဲ့ အမျိုးသား ၂ ဦးကို ဖမ်းမိခဲ့တယ်လို့ Myingyan Ranger မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၃ ဆီက သိရပါတယ်။ 

စက်တင်ဘာ ၆ ရက်မနက်ပိုင်းမှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO)အဖြစ် မြင်းခြံ - နွားထိုးကြီးလမ်းပိုင်းကို စစ်ဆေးရေးလုပ်နေချိန် မြင်းခြံမြို့ပေါ်ကနေ ဆိုင်ကယ်နဲ့လာတဲ့ အထက်ပါ အမျိုးသားတွေကို ဖမ်းမိခဲ့တာပါ။ 

ဖမ်းဆီးခံရသူတွေက သူတို့ဟာ စစ်မှုထမ်းဟောင်းလို့ထွက်ဆိုပေမယ့် ဒေသခံကာကွယ်ရေး ရဲဘော်တွေဘက်ကတော့ ရဲတပ်သားနဲ့ ပျူစောထီးဖြစ်နိုင်တယ်လို့ ယူဆထားပြီး ဘာဆက်လုပ်မယ်ဆိုတာကိုတော့ ဆက်လက်စစ်ဆေးမေးမြန်းပြီးမှ ဆုံးဖြတ်ရမှာဖြစ်တယ်လို့  Myingyan Ranger မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၃ အဖွဲ့ရဲ့ တပ်ရေးဗိုလ် က ပြောပါတယ်။

သူတို့နဲ့အတူလက်ပစ်ဗုံး ၁ လုံး၊ ဝန်ထမ်းကဒ်နဲ့ မှတ်ပုံတင်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ 

အဆိုပါစစ်ဆေးမှုတွေကို Myingyan Ranger (မြင်းခြံခရိုင်အမှတ် -၂ တပ်ရင်း၊ တပ်ခွဲ ၃)၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ Freedom Fighter Guerrilla Force (FFGF) နဲ့ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ကာကွယ်ရေးတပ် #ဖမ်းဆီး #စစ်ကောင်စီအဖွဲ့ဝင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10