သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့ လုံခြုံရေးဂိတ် ဗုံးပေါက်ကွဲပြီးနောက် လက်ပံတန်းမြို့ခံပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဘီးလင်းတန်းရပ်ကွက်၊ ကန်ကြီးလမ်းရှိ မြို့မရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ ဇူလိုင် ၁၃ ရက် ည ၉ နာရီအချိန်ခန့်က ဗုံးကွဲခဲ့တာဖြစ်ပြီး ဗုံးကွဲပြီးနောက် အဲ့ဒီနေ့ည ၁၀ နာရီခွဲအချိန်ခန့်မှာပဲ မြို့မရပ်ကွက်မှာ နေထိုင်တဲ့ မြို့ခံပြည်သူ ၇ ဦး ကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
" ညပိုင်းဗုံးပေါက်သံကြားလို့ မိတ္တူဆိုင်ကကောင်လေး ထွက်ကြည့်တာကို ရဲတွေကမြင်ပြီး မသင်္ကာလို့ ဝင်ဖမ်းတာပြောတယ်။ အိမ်ရှင်ရော သားနဲ့သမက်တွေပါ ၆ ဦးဖမ်းသွားတယ်။ ရိပ်သာလမ်းကအမျိုးသား ၁ ဦးကိုလည်း ဖမ်းသွားတယ်” လို့ လက်ပံတန်းဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံရသူတွေဟာ မြို့မရပ်ကွက်၊ ၂ လမ်းနေ ဒေါ်ညိုညိုနဲ့ သားဖြစ်သူ ကိုကျော်သီဟ၊ ကိုဖြိုးသီဟ၊ ကိုမျိုးသီဟ၊ သမက်ဖြစ်သူ ကိုစန်းမင်း၊ ကိုဖြိုးကိုကိုနဲ့ မြို့မရပ်ကွက်၊ သာသနာ့ရိပ်သာလမ်းနေ ကိုသက်မင်းထိုက် တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့မှူရုံးရှေ့ ဗုံးဖောက်ခွဲခဲ့တာဟာ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေတန်းမြေ PDF အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပြီး မသက်ဆိုင်တဲ့ ပြည်သူတွေဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။
" ဗုံးခွဲတာက ကျနော်တို့လုပ်တာဗျ၊ ကျနော်တို့ကို ရှာဖမ်းပေါ့။ ဘာမှမဆိုင်တဲ့ ပြည်သူတွေကို လိုက်ဖမ်းနေတယ်။ တော်လှန်ရေးကို ထောက်ပံ့နေသူတွေလည်း မဟုတ်ဘူး။ PDF နဲ့ပြည်သူတွေကြားမှာ သွေးခွဲချင်လို့၊ ပြည်သူတွေကို ကြောက်အောင်လုပ်နေတာပါ" လို့ လက်ပံတန်းအခြေစိုက် PDF တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင် ၇ ရက် ညပိုင်းမှာလည်း လက်ပံတန်းမြို့၊ စာတိုက်ရုံးရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
ပုံစာ - ဖမ်းဆီးခံခဲ့ရသည့် လက်ပံတန်းမြို့ခံ ဒေါ်ညိုညိုနှင့် သားဖြစ်သူ ဖြိုးကိုကို။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#ပဲခူး #လက်ပံတန်း #ဗုံးပေါက်ကွဲမှု #ဒေသခံ #ဖမ်းဆီးခံရ #စစ်ကောင်စီတပ် #PDF
Share Share Share