လက်လုပ်တွေနဲ့ တိုက်ပွဲဝင်နေရဆဲ အညာတော်လှန်ရေးအကြောင်းပြောပြတဲ့ ဗိုလ်မိုက်ခဲ (ရုပ်/သံ)

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးဟာ ၃ နှစ်ကျော်လာခဲ့ပါပြီ။ လက်နက်ကိုင် တော်လှန်ရေးကို လက်နက်တူမီးသေနတ်တွေနဲ့ စခဲ့ကြတဲ့ အညာဟာ အခုအချိန်ထိ လက်လုပ်အများစုနဲ့သာ တိုက်ပွဲဝင်နေရဆဲပါ။ 

ဒီလိုလက်လုပ်တွေနဲ့ တိုက်ပွဲဝင်နေရပေမယ့် အညာဒေသမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ နယ်မြေစိုးမိုးထားနိုင်မှုဟာ ကျဉ်းမြောင်းလာပြီး လက်လုပ်သေနတ်ကိုင်အညာတော်လှန်ရေးသမားတွေရဲ့ နယ်မြေစိုးမိုးနိုင်မှုဟာ ကျယ်ဝန်းလို့ လာနေပါတယ်။ 

ဒီနေ့အခြေအနေရောက်လာဖို့ လက်လုပ်သေနတ်ကိုင်အညာတော်လှန်ရေးသမားတွေ ဘယ်လိုခရီးဆက်ခဲ့ ရသလဲ၊ တပ်ရင်းတခုဖြစ်လာဖို့ ဘယ်လိုကြိုးစားခဲ့ရသလဲ၊ သူတို့အတွက် ဘာတွေက အဓိကလိုအပ်နေသေလဲ စတဲ့အကြောင်းအရာတွေကို လက်လုပ်သေနတ်အများစုကိုင်ကို ကိုင်ဆွဲပြီး စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အညာတော်လှန်ရေး #၃နှစ်ပြည့် #လက်လုပ်သေနတ် #တိုက်ပွဲဝင် #နယ်မြေစိုးမိုးနိုင်မှု #Myingyan Black Tiger (MBT) #ဗိုလ်မိုက်ခဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10