လည်ပင်းဓားနဲ့လှီးပြီး ဆိုင်ကယ်လုခံရသူ ကယ်ရီသမား အသက်ရှင်၊ လုယက်သူကို ဖမ်းဆီးရမိ

လည်ပင်းဓားနဲ့လှီးပြီး ဆိုင်ကယ်လုခံရသူ ကယ်ရီသမား အသက်ရှင်၊ လုယက်သူကို ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းဆည်လမ်း၊ တိမ်ညွှန့်ကျေးရွာအရှေဘက်တောထဲမှာ ဆိုင်ကယ်ကယ်ရီသမားကို လည်ပင်းလှီးဖြတ်ကာ ဆိုင်ကယ်လုယက်သွားသူအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖမ်းဆီးခံရသူမှာ ဗွက်အင်းကျေးရွာနေ အသက် ၁၉ နှစ်အရွယ် ကိုမင်း (ခ) မင်းမင်းဆိုသူဖြစ်ပြီး မေ ၄ ရက် မနေ့မနက်အစောပိုင်းမှာ ၎င်းပုန်းအောင်းနေတဲ့ ခပေါင်းဆည်အနီးတောတဲတခုမှာ လုယူသွားတဲ့ ဆိုင်ကယ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။

" လူယက်မှုကျူးလွန်တဲ့ လူပုံစံကိုသိရတော့ ရဲတွေက သူ့ရွာမှာ သွားရှာတယ်။ အဲဒီကမှတဆင့် သူပုန်းနေတဲ့နေရာကိုသိပြီး ဖမ်းဆီးရမိခဲ့တာ။ ဆိုင်ကယ်လည်းပြန်ရခဲ့တယ်"လို့ အုတ်တွင်းဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဧပြီ ၂၉ ရက် မနက် ၈ နာရီဝန်းကျင်မှာ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ ကိုအောင်ဇော်ဦးဟာ မြို့တွင်းဆိုင်ကယ်ဂိတ်မှာရှိနေချိန် ကျူးလွန်သူအမျိုးသားက ရိုးမဘက်ကိုသွားမယ်ဆိုကာ ဆိုင်ကယ်ငှားရမ်းလို့ လိုက်ပါပို့ဆောင်စဥ် ခပေါင်းဆည်လမ်း၊ တိမ်ညွှန့်ကျေးရွာအနီးတောထဲအရောက်မှာ လည်ပင်းကို ဓားနဲ့လှီးဖြတ်ခံရပြီး ဆိုင်ကယ်လုယက်ခံခဲ့ရတာပါ။

လည်ပင်းဓားနဲ့လှီးဖြတ်ခံရလို့ ဆိုင်ကယ်မောင်းနှင်သူ ကိုအောင်ဇော်ဦးမှာ လည်ပင်းပြတ်ရှဒဏ်ရာ (ပြင်းထန်) ရရှိခဲ့ပေမယ့် လက်ရှိမှာ အသက်အန္တရာယ်က ကင်းလွတ်ပြီဖြစ်ကာ ဆေးကုသမှုတော့ ဆက်လက်ခံယူနေရတယ်လို့ သိရပါတယ်။

လုယက်မှုကျူးလွန်တယ်လို့ဆိုတဲ့ ကိုမင်း (ခ) မင်းမင်းကိုတော့ အုတ်တွင်းရဲစခန်းမှာ လုယက်မှုကျူးလွန်ရာတွင်နာကျင်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ဆိုင်ကယ် #လုယက် #တရားခံ #ဖမ်းဆီးရမိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10