သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာအတွင်း တပ်စွဲထားတဲ့စစ်အုပ်စုကို PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၃ ဦးသေဆုံးတယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ကြောင်လက်သည်းအဖွဲ့ဆီက သိရပါတယ်။
နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီဝန်းကျင်မှာ အဲ့ဒီရွာထိပ်က ကင်းစခန်းဂိတ်တံခါးကိုလာပိတ်ချိန် အသင့်စောင့်နေတဲ့ PDF အဖွဲတွေဘက်က စတင်ပစ်ခတ်ကာ တိုက်ပွဲစတင်ခဲ့တာလို့ ကြောင်လက်သည်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပစ်ခတ်ချိန် ၁ နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ ကြောင်လက်သည်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
" ကင်းပုန်းဝပ်ပြီး ထိပ်တိုက်ပစ်ရတဲ့ ၂ ကောင်ကတော့ ပက်လက်လန်တယ်။ နောက်က နောက်တိုးအင်အားလာတဲ့အချိန်မှာ အဲ့ဒီ Body ကိုပဲ ကျနော်တို့က ပစ်အားစုထားတာပေါ့နော်။ သေပြီးသားကောင်ကို ထပ်ပြီးပစ်နေတာဖြစ်တဲ့အတွက် အဲ့ ၂ကောင်ကတော့ လုံးဝ လုံးဝ မုန့်ဟင်းခါးပေါ့ဗျာ။" လို့ ဆိုပါတယ်။
အစပိုင်း ပစ်ခတ်မှုတွေမှာ ၂ ဦးသေဆုံးခဲ့ပြီး PDF ပူးပေါင်းအဖွဲ့တွေဘက်က နောက်တိုးအင်အားတွေထပ်ရောက်လာချိန်မှာလည်း အရင်ရှိပြီးသားအဖွဲ့တွေက ထိထားပြီးသား စစ်သား၂ယောက်ကိုပဲ ဆက်ပစ်နေပြီး နောက်အဖွဲ့တွေက တိုက် ၁ ခုပေါ်မှာ ရှိနေတဲ့ ၁ ဦးကို ပစ်ခဲ့လို့ နောက် ၁ ဦးထပ်သေတယ်လို့ ဆက်ပြောပါတယ်။
" လက်နက် အင်အား ၂၀ လောက်က တိုက်ပေါ်ကကောင်ကို မဲပစ်တယ်။ ကျန်တဲ့သူတွေက ကင်းပုန်းသမားတွေကို မဲပစ်တယ်။ နောက်တိုးအင်အားတွေ လာတဲ့အချိန်မှာ ကျနော်တို့က Dead Body ကိုပဲ မဲပစ်တယ်။" လို့ ဆိုပါတယ်။
အဲ့ဒီ ရွာသာကြီးမှာ ပြီးခဲ့တဲ့ ၁ နှစ်ခွဲလောက်ကတည်းက စစ်တပ်က အထိုင်ချတပ်စွဲထားခဲ့ပြီး စိုင်နိုင်ကွေ့၊ ရွှေဘိုနဲ့ လှတောဘက်က စစ်သားတွေကို အလဲအလှယ်လုပ်ကာ ထပ်ထပ်အင်အားဖြည့်နေခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။
အဲ့ဒီရွာဟာ ဝက်လက်နယ်မှာ စံပြရွာတခုဖြစ်ကာ ဘေးပတ်ဝန်းကျင်ရွာတွေက စျေးရောင်း စျေးဝယ်လုပ်ကြရတဲ့ ရွာကြီးတရွာဖြစ်ပြီး လမ်းဆုံလမ်းခွမှာလည်း တည်ရှိတဲ့အတွက် အဆောက်အဦ ကောင်းကောင်းတွေလည်းရှိတာကြောင့် စစ်တပ်က အထိုင်ချထားတဲ့ ရွာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ရှိနေတာဖြစ်လို့ မနေချင်ကြတဲ့ ရွာသားအချို့ကတော့ ဘေးပတ်ဝန်းကျင် တောတိုက်တွေထဲနေနေကြသလို အချို့လည်း ရွာထဲမှာခိုကပ်နေကြရသူတွေလည်း ကျန်နေသေးတယ်လို့ သိရပါတယ်။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#ဝက်လက် #တိုက်ပွဲ #စစ်တပ် #သေဆုံး
Share Share Share