လမ်းပေါ်ရပ်ထားတဲ့ ကားကို ဝင်တိုက်မိလို့ ၂ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရ

လမ်းပေါ်ရပ်ထားတဲ့ ကားကို ဝင်တိုက်မိလို့ ၂ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရ

 

 

 

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ လမ်းပေါ်ရပ်ထားတဲ့ ကားကို ဝင်တိုက်မိလို့ ၂ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၃ ရက် ဒီမနက် ၅ နာရီ ၅၀ ခန့်မှာ နေပြည်တော်ဘက်ကနေ လားရှိုးဘက်ကို ရော်ဘာခြစ်ဖို့ လုပ်သားတွေတင်လာတဲ့ လိုက်ထရပ်ယာဥ်ဟာ မိုင်တိုင်အမှတ် ၂၈၄/၁ နဲ့ ၂၈၄/၂ ကြားအရောက်မှာ လမ်းပေါ်ရပ်ထားတဲ့ ကုန်ကားကို ဝင်တိုက်မိခဲ့တာလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။


"ကုန်းကားက ရပ်ထားတာ။ ရပ်ထားတဲ့ကားကလည်း လမ်းပေါ်ရောက်နေတယ်။ အဲ့ဒါကို ရော်ဘာခြစ်ဖို့သွားတဲ့ အလုပ်သမားတွေ တင်လာတဲ့ကားကလည်း မရှောင်နိုင်ဘဲဝင်တိုက်တယ်။ ကားပေါ်မှာက ယာဥ်မောင်းအပြင် အယောက် ၂၀ ကျော်လောက် ပါတယ်" လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ကားပေါ်ပါအမျိုးသား ၂ ဦး သေဆုံးပြီး၊ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၆ ဦး ဒဏ်ရာရခဲ့ကာ သူတို့ကို မိတ္တိလာဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။


မတ်လ ၄ ရက် မနက်အစောပိုင်းကလည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၇ အနီးမှာ ခရီးသည်တင်ကား အရှိန်လွန်တိမ်းမှောက်ပြီး ၅ ဦး သေဆုံးကာ၊ ၂၅ ဦးကျော် ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10