လမ်းဘေးတွေ့တဲ့အထုပ်ကို ဖွင့်ကြည့်ရာမှ မိုင်းပေါက်ကွဲလို့ ကလေး ၂ ဦး သေဆုံး

လမ်းဘေးတွေ့တဲ့အထုပ်ကို ဖွင့်ကြည့်ရာမှ မိုင်းပေါက်ကွဲလို့ ကလေး ၂ ဦး သေဆုံး

မကွေးတိုင်း၊ ချောက်မြိုနယ်၊ အမှတ်(၇) ရပ်ကွက်မှာ လမ်းဘေးတွေ့တဲ့အထုပ်ကို ဖွင့်ကြည့်ရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပြီး ကလေး ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီကလေးတွေဟာ ဖေဖော်ဝါရီလ ၈ ရက်မနေ့ညနေ ၃ နာရီဝန်းကျင်မှာ ဘောလုံးကွင်းနဲ့ရေနံလျှပ်စစ်ရုံးထောင့်နားမှာ မိုင်းပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားတာလို့ ဒေသခံတဦးကပြောပါတယ်။
"ကလေးတွေကတော့ လမ်းဘေးတွေ့တဲ့အထုပ်ကို ဘာအထုပ်မှန်းမသိ စပ်စုချင်တဲ့သဘောနဲ့ ကောက်ဖွင့်လိုက်တာလို့တော့ သိရတယ်။ အထုပ်ကလည်း ကျွတ်ကျွတ်အိပ်နဲ့ထုတ်ထားတာဆိုတော့။ ကလေးတွေက ရပ်ကွက်ထဲအမှိုက်လိုက်ကောက်နေတဲ့ ကလေးတွေတော့ မဟုတ်ဘူး။ ဒီအတိုင်း သူလိုငါလိုနေတဲ့ ကလေးတွေပါ"လို့ ပြောပါတယ်။
 
လမ်းဘေးထားထားတဲ့ အထုပ်ကနေပေါက်ကွဲမှုဖြစ်လို့ ရွာဟောင်းကျေးရွာနေ အသက် ၁၁ နှစ်အရွယ် မောင်မိုးယံကိုနဲ့ မောင်ဝင်းနိုင်မင်းဆိုသူ ၂ ဦးဟာ နေရာမှာဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
 
အဲဒီမိုင်းထုပ်ကို ဘယ်အဖွဲ့ကဘာကြောင့်ထားခဲ့တယ်လိုတာ ထုတ်ပြန်ထားတာမရှိသေးသလို သေဆုံးသွားတဲ့ ကလေး ၂ ဦးကိုတော့ ဒေသခံတွေရဲ့အကူအညီနဲ့ နေ့ချင်းပြီးနာရေးကိစ္စကို ဆောင်ရွက်လိုက်ရတယ်လို့ဆိုပါတယ်။
 
၂၀၂ ခုနှစ် ဩဂုတ်လ ၁၁ ရက် ညနေပိုင်းကလည်း ချောက်မြို့၊ အမှတ် ၁၂ ရပ်ကွက်က ဌာနဆိုင်ရာနဲ့ဝန်ထမ်းအများစု လာရောက်စားသောက်လေ့ရှိတဲ့ ဦးချစ်ထမင်းဆိုင်မှာ လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ခဲ့သေးပြီး လူထိခိုက်တာတော့မရှိဘူးလို့ သိရပါတယ်။
 
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10