လမ်းဟောင်းမှာ ဆီသယ်တွဲကားနဲ့ စပါးအိတ်တင်ကား တိုက်မိပြီး ၃ ဦးဒဏ်ရာပြင်းထန်

လမ်းဟောင်းမှာ ဆီသယ်တွဲကားနဲ့ စပါးအိတ်တင်ကား တိုက်မိပြီး ၃ ဦးဒဏ်ရာပြင်းထန်

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ စပါးအိတ်တင်လာတဲ့ ၆ ဘီး ဖောကားနဲ့ စက်သုံးဆီတင်တွဲကား ခေါင်းချင်းဆိုင်တိုက်မိလို့  ၃ ဦး ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧပြီလ ၂၂ ရက် မနေ့က နေ့လည် ၁ နာရီခွဲခန့်မှာ ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို မောင်းလာတဲ့ စက်သုံးဆီတင်တွဲကားနဲ့ မျက်နှာချင်းဆိုင်ယာဉ်ကြောက မောင်းနှင်လာတဲ့ စပါးအိတ်တင်ကားတို့ တိုက်မိခဲ့တာလို့ ဆိုပါတယ်။

"ဘယ်သူမှားပြီး ဘယ်သူမှန်လည်းတော့မသိရဘူး။ စပါးအိတ်တင်ကားက ခါးလယ်ကနေဖြတ်တိုက်ခံရပြီး လမ်းဘေးရေမြောင်းထဲရောက်နေတယ်။ ဆီဘောက်ဆာကားကတော့ လမ်းပေါ်မှာခေါင်းခန်းကြေနေသလို ရပ်ထားရတယ်"လို့ အုတ်တွင်းဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ဆီသယ်တွဲကားမောင်းနှင်သူ ကိုသူရ၊ စပါးအိတ်တင်ကားမောင်းနှင်သူ ကိုသောင်းလင်းနဲ့
ကိုရောင်ကြည်လင်းထက်တို့ ၃ ဦးမှာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး ဒဏ်ရာရသူတွေကို  ဒေသလူမှုကူညီရေးအသင်းအဖွဲ့တွေက အုတ်တွင်းဆေးရုံနဲ့နေပြည်တော်ဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၃ ရက်ကလည်း  အုတ်တွင်းမြို့နယ်၊ ဟင်းငုတ်ပင်၊  OK စက်သုံးဆီဆိုင်အနီး ကားရပ်နားနေရာမှာ ၂၂ ဘီး တွဲကားနောက်ဆုတ်ချိန် နောက်ကားကို တိုက်မိလို့ ကားအောက်အိပ်နေသူကို ကြိတ်မိပြီး သေဆုံးသွားခဲ့ပါတယ်။

စာတည်း- ဟိန်းစံ

#မြေလတ်အသံ

#ရန်ကုန်-မန္တလေးလမ်းဟောင်း #ယာဉ်တိုက်မှု #ဆီသယ်တွဲယာဉ် #ခေါင်းချင်းဆိုင်တိုက် #ဒဏ်ရာ ပြင်းထန် #အုတ်တွင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10