လူသူကင်းမဲ့သွားတဲ့ ချင်းပြည်နယ်က ဝေဘူလမြို့လေး (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့နယ်က ဝေဘူလမြို့ငယ်လေးဟာ အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ တထောင်ကျော်ဝန်းကျင်နေထိုင်နေပြီး အများစုက ချင်းတိုင်းရင်းသားတွေ ဖြစ်ကြသလို ရိုးရာတောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝေဘူလ စာသင်ကျောင်းအနီးကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကျောင်းအုပ်ဆရာကြီး မိသားစုအပါအဝင် ဒေသခံ ၉ ဦး သေဆုံးပြီး ဒဏ်ရာရတဲ့ သူတွေလည်း ရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၃ ဦးပါဝင်ခဲ့ပါတယ်။


လေကြောင်းနဲ့ ဗုံးကြဲခံရပြီးနောက်ပိုင်း ဒေသခံဟာတွေဟာ နီးစပ်ရာ တောတောင်တွေထဲ သွားရောက်တိမ်းရှောင်နေကြတာဖြစ်ပြီး ဝေဘူလမြို့ကို ပြန်မဝင်နိုင်သေးသလို အကူအညီတွေ မရောက်သေးပါဘူး။

ဒီအကြောင်းတွေကို အခင်းဖြစ်ပွားပြီး အဲဒီမြို့ထိ သွားရောက်ကူညီပေးခဲ့တဲ့ CDM ဆရာမ Radi Ohm က ပြောပြထားပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10