သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က ကျေးရွာတခုမှာ ပြည်သူအင်အား ၅၀၀ ဝန်းကျင်ကို လေကြောင်းရန်အသိပညာပေးနဲ့ စစ်တပ်လေယာဥ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှု ဟောပြောပွဲကို နိုဝင်ဘာ ၄ ရက် ဒီနေ့ ညပိုင်းမှာ လုပ်ခဲ့တယ်လို့ ၅/အရတ အရာတော်လူထူသပိတ် ဦးဆောင်သူဆီက သိရပါတယ်။
စစ်တပ်က လေယာဥ်အသုံးပြုပြီး ပြည်သူတွေကိုနှိပ်စက်ခံရတာများနေပြီဖြစ်တဲ့အတွက် လေယာဥ်ဆီဖြတ်တောက်ဖို့နဲ့ သွေးစွန်းငွေကမ်ပိန်းမှာ ပါဝင်ကြဖို့အပြင် အညာပြည်သူတွေ တော်လှန်ရေးအသိစိတ်တွေ ပိုတိုးတက်လာဖို့ ဟောပြောတာ၊ တော်လှန်ရုပ်ရှင်တွေ ပြတာတွေပါ လုပ်ခဲ့တယ်လို့ ၅/အရတ အရာတော်လူထူသပိတ် ဦးဆောင်သူ ကိုရှဲဒိုးက ပြောပါတယ်။
" လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ဖို့ရယ် လေယာဥ်ဆီဖြတ်တောက်ဖို့လှုပ်ရှားသင့်တဲ့ အကြောင်းတွေ ပြောတယ်ပေါ့နော်၊ ဇာတ်ကားတွေက သစ္စာတို့ မသောက်မိသောမိုးခါးရေတို့ အဲ့လိုဇာတ်ကားတွေ ပြခဲ့တယ်။" လို့ ပြောပါတယ်။
ဒီလှုပ်ရှားမှုကို ၅/အရတ အရာတော်လူထူသပိတ်၊ မြင်းမူမြို့နယ် သပိတ်တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူတွေ အတူပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
#မြေလတ်အသံ
#လေကြောင်းရန် #လေယာဉ်ဆီဖြတ်တောက်ရေး #ဟောပြောပွဲ #မြင်းမူ
Share Share Share