သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာကို စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ ပုလဲမြို့နယ်တရားရေးဌာနတာဝန်ခံအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
ဒီဇင်ဘာလ ၁၂ရက် ဒီကနေ့ မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီ ဗုံးကြဲလေယာဉ်တစီးက မင်းတိုင်ပင်ရွာရှိ တရားရေးတာဝန်ခံရဲ့နေအိမ်ကို ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
" ရပ်ကွက်ထဲမှာ၊ ရွာထဲမှာဆိုတော့ အတိအကျနဲ့ ဗုံးလာကျဲသွားတာဆိုတော့ သတင်းပေးတွေကြောင့်လို့လည်း ကျနော်တို့ ယူဆနေရတာပေါ့နော်။ အဲ့ဒီအိမ်ကို ရောက်နေတဲ့ အရပ်သားမိသားစုပါသေတာ" လို့ ကျေးရွာပအဖအဖွဲ့ဝင်က ပြောပါတယ်။
ဗုံံးကြဲခံရမှုကြောင့် နေအိမ်အတွင်းရှိ အသက် ၃၅ နှစ်အရွယ်မြို့နယ်တရားရေးတာဝန်ခံ၊ ဇနီးဖြစ်သူ အသက် ၂၇ နှစ်အရွယ် ပညာရေးစေတနာ့ဝန်ထမ်း၊ နေအိမ်မှာရှိနေနဲ့ အသက် ၂၀ အရွယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးနဲ့ ဒေသခံပြည်သူမိသားစု ၃ ဦးမှ အသက် ၃၀အရွယ်မိခင်နဲ့ သားဖြစ်သူ ၁ နှစ် အရွယ်ကလေးငယ်တို့ သေဆုံးခဲ့ကာ ဖခင်ဖြစ်သူ အသက် ၃၀ ဝန်းကျင်အမျိုးသားကတော့ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တာလို့ သိရပါတယ်။
နေရာအတိအကျ နဲ့ ဗုံးကျဲတိုက်ခိုက်ခံရတာကြောင့် နေအိမ်ပျက်စီးမှုလည်းရှိခဲ့သလို သေဆုံးသူတွေဟာလည်း ပြင်းထန်ဒဏ်ရာတွေနဲ့သေဆုံးခဲ့တာဖြစ်ပြီး လက်ရှိမှာ သေဆုံးရုပ်အလောင်းတွေကို ကောက်ယူသင်္ဂြိုဟ်နေပြီလို့လည်း သိရပါတယ်။
ပုလဲမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အခုလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာဖြစ်ပြီး မြို့နဲ့၃မိုင်ခန့်အကွာ အနီးအနားကျေးရွာတွေကိုတော့ စစ်ကောင်စီ ၇၀၈ တပ်နဲ့ ပျူစောထီး ပူးပေါင်းမြေပြင်စစ်ကြောင်းက စစ်ကြောင်းထိုးကာ မွှေနှောက်နေတယ်လို့သိရပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#စစ်ကိုင်း #ပုလဲ #မင်းတိုင်းပင် #လေကြောင်းတိုက်ခိုက်ခံရ #၅ ဦးသေဆုံး #ကလေးငယ် #NUG #တရားရေးတာဝန်ခံ #ရုပ်သံသတင်း #မြေလတ်ရုပ်သံ
Share Share Share