လေးရက်ကြာ တိုက်ခိုက်ပြီးနောက် မြိုင်၊ ကိုင်းတောမရဲစခန်းကို သိမ်းပိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်က ကိုင်းတောမရဲစခန်းနဲ့ မြိုင်ကပစကို ရေပေးနေတဲ့ ရေစက်အထိုင်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၄ ရက်ကြာတိုက်ခိုက်ပြီး စခန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်မှာ မြိုင် ကပစ ကို ရေပေးနေတဲ့အထိုင် စခန်းကိုစတင်တိုက်ခိုက်ခဲ့ပြီး ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာတော့ ကိုင်းတောမှရဲစခန်းကို ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ဒီမိုကရက် တစ်တပ်တော် (PDA)၊ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဩဂုတ် ၇ ရက် မနက်ပိုင်းမှာတော့ ကိုင်းတောမရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲ နဲ့ ပျူစောထီး အင်းအား ၁၀၀ ကျော်လောက်ဟာ စခန်းကို စွန့်ခွာပြီး သရက်ကန်ရွာဘက်ကို ထွက်ပြေးသွားတာကြောင့် စခန်းကို ဝင်ရောက်သိမ်းဆည်းနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦးသေဆုံးခဲ့သလို စစ်ကောင်စီ ဘက်ကလည်း ၃ ဦးသေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေကိုတော့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ အညာမြေတပ်ပေါင်းစုတပ်ဖွဲ့၊ ပြည်သူ့တော်လှန်ရေးတပ်ဦး ( PRF)၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊ ပြည်သူ့လွတ် မြောက်ရေး တပ်မတော် (PLA)-(အမှတ် ၈၁၅တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး-BLDF၊ ပခုက္ကူစုဖွဲ့မှုမှ (YoungForce.PPDF. ThuRain.HunterPakokku. Earthquake )နဲ့ မြိုင် ပကဖ အပါအ၀င် ဒေသခံတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့လည်းသိရပါတယ်။

လက်ရှိမှာတော့ နယ်မြေရှင်းလင်းတာတွေလုပ်ဆောင်နေပြီး အခြေနေကို ဆက်လက်စောင့်ကြည့်နေဆဲပဲဖြစ်တယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10