သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ တင်းတိပ်ကျေးရွာအနီးမှာ အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၅ ရက်မနက် ၅ နာရီခန့်မှာ ကျေးရွာလမ်းပေါ်မှာ တဦးတည်းလမ်းလျှောက်နေတဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦးကို စစ်ကောင်စီလှည့်ကင်းအဖွဲ့တွေက တွေ့ပြီး ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
"စကစလှည့်ကင်းနဲ့ဆုံလို့ ပစ်ခတ်ခံရတာ။ သိရသလောက်က သူကရွာခံတော့မဟုတ်ဘူး။” လို့ ဒေသခံတဦးကပြောပါတယ်။
ပစ်ခတ်မှုကြောင့် အဆိုပါအမျိုးသားရဲ့ ဗိုက်နဲ့ရင်ဘက်မှာ ကျည်ထိဒဏ်ရာနဲ့ သေဆုံးခဲ့ကာ တင်းတိပ်ရွာသား မဟုတ်တာကြောင့် သူနဲ့ပတ်သက်တဲ့အချက်အလက်တွေကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အလောင်းကိုတော့ စစ်ကောင်စီဘက်ကကောက်ယူပြီး စစ်ကိုင်းဆေးရုံကိုသယ်သွားကြတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ ကျောက်တာကျေးရွာရှိ လှည်းလမ်းဘေးမှာ ပစ်သတ်ခံထားရတဲ့ အမည်မသိ အမျိုးသားအလောင်း ၂ လောင်းကို တွေ့ရှိခဲ့ရသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #လှည့်ကင်း #အမျိုးသား #ပစ်ခတ်ခံရ #သေဆုံး
Share Share Share