ဝက်တင်ကားနဲ့ ဆိုက္ကားတိုက်မိလို့ အမျိုးသား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

ဝက်တင်ကားနဲ့ ဆိုက္ကားတိုက်မိလို့ အမျိုးသား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ဇလဲကျေးရွာဘုရားအနီး ရန်ကုန်-မန္တဘေးအမြန်လမ်းဘေးမှာ ဝက်တင်ကားနဲ့ ဆိုက္ကားတိုက်မိပြီး ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၄ ရက်ည ၁၀ နာရီခန့်မှာ ဇလဲကျေးရွာထဲကနေ အမြန်လမ်းပေါ်ထွက်လာတဲ့ ဆိုက္ကားနဲ့ အမြန်လမ်းကနေ ဇလဲကျေးရွာဘက်ကို ဝက်တွေတင်မောင်းလာတဲ့ ၆ ဘီးကားတို့ တိုက်မိခဲ့ကြတာလို့ ဆိုပါတယ်။

"ဆိုက္ကားက ခရီးသည်အမျိုးသမီး ၂ ဦးတင်ပြီး ရွာလမ်းကြားကနေ လမ်းပေါ်အတက် ကားကလည်း အမြန်လမ်းကနေ ရွာလမ်းထဲအဆင်းနားမှာ တိုက်ကြတာ။ ကားကရှောင်ပေမယ့် မလွတ်ဘဲ တိုက်မိတာ"လို့ ဒေသလူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ဇလဲရွာနေ ဆိုက္ကားနင်းသူ အသက် ၄၀ ကျော်အမျိုးသား ၁ ဦးသေဆုံးပြီး ကားပေါ်ပါလာတဲ့ အမျိုးသား ၅ ဦးလည်းဒဏ်ရာရခဲ့ပါတယ်။

လက်ရှိမှာဒဏ်ရာရသူတွေကို ကျောက်ဆည်ဆေးရုံမှာ ဆေးကုသနေပြီး သေဆုံးသူကိုလည်း ဆေးရုံမှာပဲ ထားရှိထားတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ဧပြီ ၁၉ ရက်ကလည်း တံတားဦးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဥ်မှောက်လို့ ၁ ဦးသေဆုံးပြီး ကလေး ၃ ဦးအပါအဝင် ၆ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#မန္တလေး #ကျောက်ဆည် #ဇလဲကျေးရွာ #ယာဥ်တိုက်မှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10