ဝက်လက်ကကျေးရွာတရွာမှာ ကျန်းမာရေးမကောင်းသူတွေကို PDF က ဆေးဝါးကုသမှုပေး

ဝက်လက်ကကျေးရွာတရွာမှာ ကျန်းမာရေးမကောင်းသူတွေကို PDF က ဆေးဝါးကုသမှုပေး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိကျေးရွာတရွာက ကျန်းမာရေးမကောင်းသူတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၂ ဖွဲ့က ဖေဖော်ဝါရီလ ၂၅ ရက်မှာ ဆေးဝါးကုသမှုတွေပေးခဲ့ပါတယ်။
 
ရွှေဘိုခရိုင်တပ်ရင်း ၁၈ နဲ့ Bo Tiger-ဗိုလ်ကျားကြီးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတာပါ။
 
“ကျန်းမာရေးမကောင်းတဲ့ လူကြီးတွေ၊ ကလေးတွေအကုန်လုံးကို ဇရပ်မှာပဲခေါ်ပြီး တော့ဆေးကုသပေးခဲ့တာ၊ နေမှုထိုင်မှုအဆင်မပြေတာကြောင့် အအေးပတ်တဲ့သူတွေ များတယ်၊ လူဦးရေး ၈၀ လောက်ကို ကုသပေးနိုင်ခဲ့တယ်” လို့ Bo Tiger-ဗိုလ်ကျားကြီးအဖွဲ့မှ ဒုခေါင်းဆောင် ဗိုလ်ထက်အောင်က ပြောပါတယ်။
 
တပ်ဖွဲ့တွင်းရှိ ဆေးဝါးကျွမ်းကျင်ရဲဘော်တွေက ကုသပေးခဲ့တာဖြစ်ပြီး၊ လက်ရှိမှာတော့ ဆေးဝါးအခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10