ဝက်လက်မြို့နယ်တွင်းက အထက်တန်းအဆင့်ကျောင်းတွေမှာ စာဖတ်ဝိုင်းတွေ ပြုလုပ်နေ

ဝက်လက်မြို့နယ်တွင်းက အထက်တန်းအဆင့်ကျောင်းတွေမှာ စာဖတ်ဝိုင်းတွေ ပြုလုပ်နေ

ဝက်လက်မြို့နယ်မှာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စာသင်ကျောင်းတွေထဲက အထက်တန်းအဆင့်ကျောင်းတွေမှာ စာဖတ်ဝိုင်းတွေကို ပြုလုပ်နေကြတာပါ။

လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအနေနဲ့ ဩဂုတ် ၁၇ ရက်မှာ အထက်တန်းကျောင်းတကျောင်းမှာ စာဖတ်ဝိုင်းလုပ်ခဲ့ပြီး နောက်ထပ်တကျောင်းကို ဩဂုတ်လ နောက်ဆုံးပတ်ထဲမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဝက်လက်မြို့နယ်မှာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက သူတို့အဖွဲ့နဲ့ချိတ်ဆက်ထားတဲ့ အထက်တန်း အဆင့် ကျောင်း ၅ ကျောင်းမှာ စာဖတ်ဝိုင်းတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ 

ကြည်အေးရဲ့ ဖူးငုံပွင့်သစ်တေးဖွဲ့ဆိုသီစာအုပ်၊ ဂျူးစာအုပ်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေပါ စာအုပ်စတဲ့ လူငယ်တွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် သုတ၊ ရသ စာပေတွေကို စာသင်ကျောင်းအတွင်းမှာ စာကြည့်တိုက်ပြုလုပ်ထားတယ်လို့ သိရပါတယ်။ 

အဲဒီစာအုပ်တွေကို ကျောင်းသားတွေက ဖတ်ကြပြီး ကျောင်းသားတွေဖတ်တဲ့ စာအုပ်တွေကို ဝိုင်းဝန်းဆွေးနွေးတဲ့ပုံစံနဲ့ ပြုလုပ်နေတာလို့လည်း သိရပါတယ်။

လက်ရှိပြုလုပ်ပြီး ကျောင်း ၂ ကျောင်းမှာ စာအုပ်အရေအတွက် ၄၀၀ လောက်ကို ထားရှိနိုင်ခဲ့ကာ စာအုပ်လို အပ်ချက်တွေလည်းရှိတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံက သိရပါတယ်။

ဝက်လက်မြို့နယ်မှာ NUG လက်အောက် အထက်တန်းအဆင့်ကျောင်းပေါင်း ၂၀ ကျော် ရှိတယ်လို့လည်း သိရပါတယ်။


စာတည်း - လင်းဇေ

#မြေလတ်အသံ

#ဝက်လက်မြို့ #လူထုသပိတ် #အမျိုးသားညီညွတ်ရေးအစိုးရ #NUG #စာသင်ကျောင်း#စာဖတ်ဝိုင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10