သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့ပေါ်မှာ ကင်းပတ်နေကြတဲ့ စစ်ကောင်စီတပ်သားတွေ မေလ ၂၄ ရက် ဒီကနေ့ မနက် ၁၁ နာရီကျော်မှာ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်အရာရှိတဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ကား ၁ စီး၊ ဆိုင်ကယ် ၂ စီး စီးနင်းပြီး အင်အား ၁၀ ဦးကျော်နဲ့ ပတ်ကင်းပတ်နေတဲ့စစ်အုပ်စုကို ဝက်လက်မြို့၊ စတားလမ်းကွေ့အရောက်မှာ တောကြီးမြွေပွေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ရွှေဘိုခရိုင်တပ်ရင်း(၂)မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
"ဗိုလ်မှာ ဒဏ်ရာရသွားတာက ခြေသလုံးကြွက်သားတွေ ပွင့်ထွက်သွားတာ။သူဒဏ်ရာရတာကို မျက်မြင် တွေ့သူတွေနဲ့ဖရဲသီးတွေရဲ့ပြောကြားချက်အရအတည်ပြုနိုင်ခဲ့တာ။ ဗိုလ်ရဲ့ အသေးစိတ်အချက် အလက်ကိုတော့သိဖို့ခက်တယ်" လို့ ပြောပါတယ်။