ဝက်လက်မှာ PDF ရဲဘော်နှစ်ဦး မိုင်းထိမှန်ပြီးကျဆုံး

ဝက်လက်မှာ PDF ရဲဘော်နှစ်ဦး မိုင်းထိမှန်ပြီးကျဆုံး

ဝက်လက်မြို့နယ်အတွင်းမှာ PDF ရဲဘော် ၂ ဦး ဒီဇင်ဘာ ၉ ရက် မနေ့ကည ၈ နာရီလောက်က မိုင်းထိမှန်ပြီး ကျဆုံးခဲ့တယ်လို့ ဝက်လက် PDF ဆီကသိရပါတယ်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) က ရဲဘော်သုတနဲ့ ရဲဘော်ရာမတို့ဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက နေရာတခုမှာ စစ်ကောင်စီကို တိုက်ခိုက်ဖို့ မိုင်းထောင်နေချိန်အတွင်းမှာပဲ အမှတ်မထင် ပေါက်ကွဲသွားခဲ့တာကြောင့်  နှစ်ဦးစလုံး နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ဝက်လက် PDF ရဲ့တာဝန်ရှိသူတဦးက မြေလတ်အသံကိုပြောပါတယ်။ 

“မိုင်းထောင်ရင်းနဲ့မိုင်းက ထကွဲသွားတာပါ၊ ၂ ယောက်လုံးသေဆုံးသွားတာပါ၊ အလောင်းတောင် ကောင်းကောင်းကောက်လို့မရပါဘူး။ တပိုင်းတစဆီဖြစ်သွားတာ၊ ဒီဝက်လက်မြို့နယ်ထဲက ပွိုင့်တခုကို စစ်ကောင်စီတွေလာနေလို့ အပြေးအလွှားထောင်ရင်းနဲ့ ဖြစ်သွားတာ၊ ကျန်ရှိတဲ့ မိသားစုဝင်တွေကိုတော့ ကျနော်တို့တတ်နိုင်သလောက် ထောက်ပံ့ရမှာပေါ့” လို့ သူကဆက်ပြောပါတယ်။
 
‌ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးရဲ့ ရုပ်အလောင်းကိုတော့ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့နေ့လည်ပိုင်းမှာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10