ဝက်လက်အခြေစိုက် Acid အဖွဲ့က ရိုင်ဖယ် သေနတ်ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာအခြေစိုက်ပြီး စစ်ကောင်စီကိုတော်လှန်နေတဲ့  Acid အဖွဲ့က 7.62 Refile အမျိုးအစား သေနတ်ကို ဖေဖော်ဝါရီလကုန်မှာ ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

နည်းပညာပိုင်းကိုတော့ YouTubeနဲ့ တော်လှန်ရေးအဖွဲ့တွေက ထုတ်လုပ်ထားတဲ့ဟာကို ကြည့်လုပ်ရင်း အောင်မြင်လာတာလို့ Acid အဖွဲ့ ခေါင်းဆောင် ကိုဟယ်ရီက ပြောပါတယ်။

လက်နက်ထုတ်လုပ်မှုအတွက်MOD ထောက်ပံ့မှုမရပဲ ပြည်သူတွေဆီကရရှိတာနဲ့ စုဆောင်းထုတ်လုပ်ရတာလို့ သူကဆက်ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလပိုင်းလောက်ကစပြီး အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ကြသလို ယခုလ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စမ်းသပ်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။အခုထုတ်လုပ်တဲ့ 7.62 Refile ဟာ မီတာ ၃၀၀ ကနေ ၄၀၀ ဝန်းကျင်အထိ ပစ်ခတ်နိုင်ပြီး ပြင်းအားကောင်းတယ်လို့ ပြောပါတယ်။ 

အရင်ကတော့ Acid အဖွဲ့က တာဝေးပစ်လက်နက်ကြီးတွေ ထုတ်လုပ်အောင်မြင်ခဲ့ပြီး ယခုအခါ ၇.၆၂ Refile သေနက်ကို ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ်-ခင်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10