သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဝေါမြို့ကနေ ဘုရားပျိူကျေးရွာဘက် အထွက်မှာရှိတဲ့ စစ်ဆေးရေး ဂိတ် တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက် မနေ့က ည ၈ နာရီ ၃၀ မိနစ်ခန့်မှာ စစ်သား၊ ရဲ၊ ပျူစောထီး၊ မီးသတ် အင်အား ၁၀ ဦးခန့် ရှိနေတဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အလစ်အငိုက်တိုက်ခိုက်နိုင်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့တာလို့ ဝေါမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။
"အဲဒီဂိတ်က ရန်ကုန်-မော်လမြိုင်လမ်းပိုင်းပေါ်က စစ်ဆေးရေးဂိတ်ကြီး မဟုတ်ဘူး။ အဲ့ဒီဂိတ်က ဖွင့်ထားတာ ၁ နှစ်လောက် ရှိပြီး သူတို့အဖွဲ့တွေ အမြဲတမ်းရှိတဲ့နေရာတော့ မဟုတ်ဘူး။ စကစ ဘက်က သတင်းရတာမျိုးရှိရင် လာစောင့်ကြတယ်။ ပြီးရင် တရားမဝင် ဖြတ်သန်းသွားလာတဲ့ ကားတွေကို ငွေတောင်းတဲ့နေရာပါ" လို့ ပြောပါတယ်။
စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်က ပျူစောထီး ၁ ဦးနဲ့ မီးသတ် ၂ ဦး သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ် ၁ ဦး၊ နယ်ထိန်းရဲတပ်ကြပ် ၁ ဦး၊ ပျူစောထီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသွားသူတွေကို ဝေါဆေးရုံကို စစ်ကောင်စီဘက်က တင်ပို့ထားပြီး ဒဏ်ရာပြင်းထန်သူတွေကိုတော့ ရန်ကုန်ဆေးရုံကို ထပ်မံပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီဘက်က အင်အား ၂၀ ကျော်ဟာ ကား ၄ စီးနဲ့ ရောက်လာပြီး ဘုရားပျိုကျေးရွာ အနီးဝန်းကျင်ကို တောနင်း ရှာနေတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ဝေါမြို့ ကန်တော်ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲခံရပြီး ရုံးအဆောက်အဦး ထိခိုက်ပျက်စီးသွားသေးတယ်လို့ သိရပါတယ်။
#မြေလတ်အသံ
Share Share Share