သက္ကလရဲစခန်းက ရဲတပ်သားတွေ ညစဉ် မူးယစ်ရမ်းကားနေကြလို့ မြို့ခံတွေ ကြောက်လန့်နေကြ

သက္ကလရဲစခန်းက ရဲတပ်သားတွေ ညစဉ် မူးယစ်ရမ်းကားနေကြလို့ မြို့ခံတွေ ကြောက်လန့်နေကြ

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သက္ကလမြို့ရဲစခန်းက ရဲတပ်သားတွေဟာ ညဘက်ဧည့်စာရင်းစစ်ပြီးပြန်လာတဲ့အခါတိုင်း သောက်စားမူးယစ်ရမ်းကားပြီး အော်ဟစ်ဆဲဆိုတာတွေပြုလုပ်လေ့ရှိတာကြောင့် မြို့ခံတွေ ကြောက်လန့်နေကြရတယ်လို့ Kawa Information က ထုတ်ပြန်ထားပါတယ်။

သက္ကလမြို့ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ ဧည့်စာရင်းစစ်ပြီးပြန်လာတိုင်း ရဲစခန်းထဲကို တန်းမဝင်ဘဲ ကားလမ်းမတွေပေါ်မှာ အချင်းချင်း စကားများတဲ့အခါတိုင်း သေနတ်တွေကို မောင်းတင်တာတွေ ပြုလုပ်တဲ့အပြင် ဆဲဆိုတာမျိုးတွေပါ ပြုလုပ်ခဲ့တဲ့အတွက် မြို့ပေါ်နေ ပြည်သူတွေဟာ မအိပ်ရဲကြတော့ဘဲ ကြောက်လန့်နေရတယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ရဲတပ်သားတွေဟာ အရင်က ဧည့်စာရင်းစစ်ဆေးမှုတွေ ခပ်ကျဲကျဲ ပြုလုပ်ခဲ့ပေမယ့် ဧပြီ ၄ ရက်က စတင်ကာ ဧည့်စာရင်းစစ်ဆေးမှုတွေကို ည ၈ နာရီကနေ ညဉ့်နက် ၁၂ နာရီအထိ ပုံမှန်လိုက်လံ စစ်ဆေးတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

“ဧည့်စာရင်းစစ်ပြီးလို့ ပြန်လာရင်  ရဲစခန်းထဲကို တန်းမပြန်ဘူး အရက်သောက်စား မူးရူးပြီး ကားလမ်းမတွေပေါ်မှာ ဆဲဆိုနေတာ ပတ်ဝန်းကျင်ကိုလည်း အားမနာ ထည့်မတွက်ဘဲ ဆူညံနေတာ ” လို့ Kawa Information မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

မူးရူးဆဲဆိုတဲ့သူတွေထဲမှာ သက္ကလရဲစခန်းထဲက ဒုရဲအုပ် ဇင်နိုင်လင်းနဲ့ ကျော်စိုးလင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ 

ဧပြီ ၃ ရက်ကလည်း ကဝမြို့နယ် ငှက်ကြီးရေကျော်ရွာက ဆိုင်ကယ်တစီးကို ခိုးခံရပြီးနောက် ဒေသခံပြည်သူ တွေက လိုက်လံစုံစမ်းရာ ဖလေးကျေးရွာထိုင်တော်မူဘုရားမှာ ဆိုင်ကယ်နဲ့ သူခိုး ၃ ယောက်ကို ဖမ်းဆီးရမိသွားပြီး အုန်းနှဲရဲစခန်းကို ပို့ဆောင်ခဲ့ရာ ရဲစခန်းက ရဲတပ်သားတွေက တယောက်ကို တသိန်း ၂ သောင်းတောင်းကာ လက်မှတ်ထိုးပြီး ပြန်လည်လွှတ်ပေးခဲ့လိုက်တယ်လို့လည်း သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကဝမြို့ #သက္ကလမြို့ #ရဲစခန်း #ဧည့်စာရင်း #မြို့ခံ #ကြောက်လန့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10