သင်တန်းဆင်းပွဲလုပ်နေတဲ့လက်ယက်မကို လေကြောင်းပစ်ခတ်လို့ PDF ၁၀၀ ဦးထက်မနည်းသေဆုံးတယ်ဆိုတဲ့ သတင်းအမှား (Fact Check)

သင်တန်းဆင်းပွဲလုပ်နေတဲ့လက်ယက်မကို လေကြောင်းပစ်ခတ်လို့ PDF ၁၀၀ ဦးထက်မနည်းသေဆုံးတယ်ဆိုတဲ့ သတင်းအမှား (Fact Check)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာမှာ PDF သင်တန်းဆင်းပွဲပြုလုပ်နေတဲ့ စာသင်ကျောင်းတကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ PDF ၁၀၀ ထက်မနည်းသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှား တယ်လီဂရမ်လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပါတယ်။

“PDF သင်တန်းဆင်းပွဲလုပ်နေသည့် လက်ယက်မကို လေကြောင်းမှပစ်ခတ် PDF ၁၀၀ ဦးထက်မနည်း သေဆုံး

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် လက်ယက်မကျေးရွာတွင် PDF သင်တန်းဆင်းပွဲပြုလုပ်နေသည့် စာသင်ကျောင်းတစ်ကျောင်းကို တပ်မတော်လေရဲ့ဂျက်ဖွိုက်တာနှင့် MI-35 မှပစ်ခတ်တိုက်ခိုက်သည့် အတွက် PDF ၁၀၀ ဦးထက်မနည်းသေဆုံးကြောင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။

"စာသင်ကျောင်းဝင်းအတွင်းက စာသင်ဆောင်တစ်ဆောင်ကို အကြမ်းဖက်အဖွဲ့တွေက စစ်စခန်းပြုလုပ် ထားတယ်တာဗျ နောက်ပြီးဒီနေ့ကလည်း သင်တန်းဆင်းပွဲတစ်ခုလုပ်နေတဲ့အချိန် လည်းဖြစ်နေတယ်။ ပစ်တဲ့မြေပုံညွှန်းကလည်း တိကျတော့သေကြတာပေါ့" ဟုအမည်မဖော်လိုသည့် ဒေသခံသတင်းအရင်း အမြစ်မှ ပြောသည်။

ယနေ့ စက်တင်ဘာလ ၆ ရက်နေ့  မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် လက်ယက်မရွာရှိ အကြမ်းဖက် သမားများ စစ်စခန်းပြုလုပ်ထားသည့်စာသင်ကျောင်းတွင် PDF သင်တန်းဆင်းပွဲ ပြုလုပ်နေစဥ် လေကြောင်းမှ နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက် များအရ သိရသည်။  (မူရင်းရေးသားချက်အတိုင်း) “ ဟုဆိုကာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာကို စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ Subscribers ၇၄,၅၀၀ ကျော်ရှိ PAN Telegram Channel မှ စက်တင်ဘာ ၆ ရက် ည ၁၀ နာရီမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး စက်တင်ဘာ ၇ ရက် ဒီနေ့ နေ့လယ်အထိ Views(ကြည့်ရှုသူ) ၁၅,၇၀၀ ကျော် Reaction ၄၄၁ ခုရှိခဲ့တာ ဖြစ်ပါတယ်။ 

သတင်းမှားဖော်ပြမှု မူရင်းကို အောက်ဖော်ပြပါ လင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

PAN Telegram Channel မှ ဖော်ပြမှု - https://archive.ph/eLAtx

ဒါ့အပြင် အဆိုပါသတင်းမှားဖော်ပြမှုကို PAN Channel မှဖော်ပြပြီး မိနစ်ပိုင်းအတွင်းမှာပဲစစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ နောက်ထပ်တယ်လီဂရမ်ချန် နယ်တွေ ဖြစ်တဲ့ SnowQeen, Ye Yint Htet, Waillian စတဲ့ ချန်နယ်တွေလည်း ထပ်ဆင့်ကူးယူဖော်ပြနေတာကိုလည်း တွေ့ရပါတယ်။ 

အဆိုပါ သတင်းမှား ထပ်ဆင့်ဖော်ပြမှုများကို အောက်ဖော်ပြပါ လင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Snow Queen Telegram Channel မှ ဖော်ပြမှု - https://archive.ph/qF4s9

Ye Yint Htet (#yyh) Telegram Channel မှ ဖော်ပြမှု - https://archive.ph/8Mz0D

Waillian channel Telegram Channel မှ ဖော်ပြမှု - https://archive.ph/YbICY

အဆိုပါအကြောင်းအရာ လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံမှ ပြန်လည်စစ်ဆေးခဲ့ရာ အချက်အလက်မှားယွင်းနေပြီး သတင်းတု၊ သတင်းမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

 

သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက်

လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် နေ့လယ် ၁ နာရီခန့်က မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာ စာသင်ကျောင်းနဲ့နေအိမ်တွေ ဦးတည်ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ဖြစ်စဥ်အတွင်း ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင် အရပ်သားတွေနဲ့တိရစ္ဆာန်တွေသေဆုံးခဲ့ပြီး လူနေအိမ်အဆောက်အဦတွေ ပျက်စီးနေခဲ့တာကို ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ဖော်ပြထားပါတယ်။

လွပ်လပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေကို အောက်ပါလင်ခ့်တွေမှာ ကြည့်ရှုနိုင်ပါတယ်-

မြိုင်နယ် လက်ယက်မ စာသင်ကျောင်းကို စစ်အုပ်စု ဗုံးကြဲလို့ ကလေးငယ် အပါအဝင် ပြည်သူ ငါးဦး သေဆုံး၊ တိုက်ပွဲမဖြစ်၊ PDF မရှိဘဲ စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချတာလို့ဆိုကြောင်း MFP မှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

မြိုင်နယ် လက်ယက်မ စာသင်ကျောင်းကို စစ်အုပ်စု ဗုံးကြဲလို့ ကလေးငယ် အပါအဝင် ပြည်သူ ငါးဦး သေဆုံး၊ တိုက်ပွဲမဖြစ်၊ PDF မရှိဘဲ စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချတာလို့ဆိုကြောင်း MFP မှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် ရုပ်သံသတင်းဖော်ပြချက် - သတင်းကြည့်ရန်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၆ ရက် နေ့လယ်ပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နောက်မြင်ကွင်းများကို BBC Burmese မှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

မြိုင်နှင့်နွားထိုးကြီးတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးကြောင်း Khit Thit Media မှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် သတင်းဖော်ပြချက်  - သတင်းကြည့်ရန်

ဒါ့အပြင် မြေလတ်အသံက ရရှိထားတဲ့ လက်ယက်မရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်ဓာတ်ပုံမှတ်တမ်း(မူရင်း)တွေအရ သေဆုံးရုပ်အလောင်းတွေမှာ ကလေး၊ အမျိုးသမီးအပါအဝင် အရပ်သား ၅ ဦးသာသေဆုံးခဲ့တာကိုတွေ့ရှိရတာကြောင့် PAN Channel က ဖော်ပြချက်မှာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ မှန်ကန်သော်လည်း PDF တွေသင်တန်းဆင်းပွဲပြုလုပ်နေတယ်ဆိုတဲ့အချက်နဲ့ PDF ၁၀၀ ဦးထက်မနည်း သေဆုံးတယ်ဆိုတဲ့အချက်မှာ မှန် ကန်မှုမရှိတာကို စိစစ်တွေ့ ရှိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားတွေ သေဆုံးခဲ့ရမှုမြင်ကွင်းတွေကို အောက်ပါ မြေလတ်အသံရဲ့တယ်လီဂရမ်လင့်ခ်မှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်-

https://t.me/myaelattathan/25758

ဒါကြောင့် PDF သင်တန်းဆင်းပွဲလုပ်နေတဲ့ လက်ယက်မကို လေကြောင်းမှပစ်ခတ်လို့ PDF ၁၀၀ ဦးထက်မနည်းသေဆုံးတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားတခုသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ဝေနေတဲ့ PAN Telegram Channel ကို စိစစ်ကြည့်ရာမှာ Positive Angle News ဆိုတဲ့ website တခုဖွင့်လှစ်ထားပြီး လွတ်လပ်တဲ့ သတင်းမီဒီယာတခုကဲ့သို့ ပြုမူထားသော်လည်း လူမျိုးရေး၊ ဘာသာရေးအမုန်းစကားများနဲ့ သတင်းမှားများကို အစဉ်တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်လက်ဝေခံသတင်းမီဒီယာတခုပုံစံ ရပ်တည်နေတာကို တွေ့ရှိရပါတယ်။

Positive Angle News Website - https://archive.ph/QNM8P

Positive Angle News Telegram Channel - https://archive.ph/X4EKA

Snow Queen Telegram Channel၊ Ye Yint Htet (#yyh) Telegram Channel နဲ့ Waillian channel Telegram Channel တို့ကလည်း စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ Telegram Channel တွေဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ Snow Queen Telegram Channel က သတင်းအမှားတွေဖြန့်ဝေလေ့ရှိတာကို ယခုလင့် (https://www.facebook.com/watch/?v=3096306550505576) ကနေတဆင့် ကြည့်ရှုနိုင်ပါတယ်။

Snow Queen Telegram Channel - https://archive.ph/XQIyo

Ye Yint Htet (#yyh) Telegram Channel - https://archive.ph/VklEi

Waillian channel Telegram Channel - https://archive.ph/lJOfm

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဟာ စစ်ကောင်စီတပ်ရဲ့အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေကို ဖုံးကွယ်နိုင်ဖို့အတွက်  အရပ်သားတွေသေဆုံးနေမှုကို စစ်ရေးပစ်မှတ် PDF တွေဖြစ်ကြောင်း သတင်းတု၊ သတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိလုပ်ကြံဖန်တီးကာ ထုတ်လွှင့်လေ့ရှိပါတယ်။

အခုဖြစ်စဉ်မှာဆိုရင်လည်း စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေသေဆုံးတဲ့အထိ စာသင်ကျောင်းနဲ့လူနေအိမ်တွေကို တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အပေါ် ဖုံးကွယ်နိုင်ဖို့အတွက် စာသင်ကျောင်းမှာ PDF တွေသင်တန်းဆင်းပွဲကျင်းပနေပြီး သေဆုံးသူတွေမှာ အရပ်သားတွေမဟုတ်ဘဲ စစ်ရေးပစ်မှတ် PDF များဖြစ်ကြောင်း လုပ်ကြံဖန်တီးထားတာဖြစ်ပါတယ်။ 

ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူမယုံကြည်သင့်ဘဲ အချက်အလက်အတည်ပြုပြီးဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်များတွေကို ကြည့်ရှုပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။

#မြေလတ်အသံ

#Factcheck #သတင်းတုသတင်းမှား #လက်ယက်မ #အရပ်သား #လေကြောင်းတိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10