သစ်တင်လာတဲ့သုံးဘီးက ခရီးသည်တင်သုံးဘီးကိုဝင်တိုက်လို့ ၅ ဦးဒဏ်ရာရ

သစ်တင်လာတဲ့သုံးဘီးက ခရီးသည်တင်သုံးဘီးကိုဝင်တိုက်လို့ ၅ ဦးဒဏ်ရာရ

မကွေးတိုင်း၊ မကွေးမြို့၊ သိင်္ဂါရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနဲ့ သပြေလမ်းဆုံမှာ သစ်တင်လာတဲ့ သုံးဘီးယာဥ်တစီးက ခရီးသည်တင်သုံးဘီးယာဥ်ကို ဝင်တိုက်ရာ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၃ ရက်မနက် ၁၀ နာရီခန့်မှာ အသက် ၂၀ ကျော် လူငယ်တဦးက ဗိုလ်ချုပ်လမ်းအတိုင်း သုံးဘီးနဲ့ သစ်တွေတင်ပြီးမောင်းလာစဥ် သပြေလမ်းဆုံအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဥ်ကြောကို ရောက်သွားပြီး ခရီးသည် ၅ ဦးလိုက်ပါလာတဲ့ သုံးဘီးယာဥ်ကို ဝင်တိုက်မိခဲ့တာလို့ဆိုပါတယ်။

“သုံးဘီးပေါ်ပါလာတဲ့သစ်တွေက ရှည်တာလည်းပါတော့ လက်ကိုင်ထိန်းရခက်ပြီး တဖက်ယာဥ်ကြောကိုဝင်သွားတာ။ ခရီးသည်တွေတင်လာတဲ့ သုံးဘီးကိုသစ်ချောင်းတွေက ထိုးမိကုန်တာ"လို့ ဒေသခံတဦးကပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ခရီးသည်တင်သုံးဘီးပေါ်ပါ အောင်မော်ရပ်ကွက်နဲ့ သိင်္ဂါရပ်ကွက်ထဲက အသက် ၈၀ ကျော်အဖွား ၁ ဦးအပါအဝင် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒဏ်ရာရသူတွေအနက် အသက် ၃၀ အရွယ်အမျိုးသမီးတဦးမှာ ဦးခေါင်းကို သစ်ချောင်းနဲ့ ထိုးမိပြီး စိုးရိမ်ရဒဏ်ရာရရှိခဲ့တာကြောင့် နေပြည်တော်ဆေးရုံကိုပို့ပေးထားရပြီး ကျန်သူတွေကိုတော့ မကွေးဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။ 

သုံးဘီးယာဥ်မောင်း လူငယ်ကိုတော့ရဲကဖမ်းသွားပြီး သုံးဘီးနဲ့သစ်တွေပါ သယ်သွားတယ်လို့ သိရပါတယ်။

ဧပြီ ၅ ရက်ကလည်း မကွေးမြို့၊  အထက ၁ လမ်းနဲ့ သုခိတာလမ်းဆုံမှာ အိမ်စီးကားနဲ့ ခရီးသည်တင်ယာဥ် တိုက်မိပြီး ၇ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #သုံးဘီးယာဥ် #ယာဥ်တိုက်မှု #ခရီးသည် #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10