သပိတ်ကျင်းနယ်က တပ်စခန်း ၅ ခုကို MDYPDF က သိမ်းထားနိုင်ပြီး ဆက်လက်ထိုးစစ်ဆင်နေ

သပိတ်ကျင်းနယ်က တပ်စခန်း ၅ ခုကို MDYPDF က သိမ်းထားနိုင်ပြီး ဆက်လက်ထိုးစစ်ဆင်နေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၅ ခုကို သိမ်းပိုက်ထားနိုင်ပြီး မြို့နယ် အတွင်းကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်-MDYPDF က သြဂုတ် ၉ ရက် မနေ့က  သတင်းထုတ်ပြန်ပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ကွင်းသုံးဆယ်ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာတပ်စခန်း၊ ဖိုကုန်းတပ်စခန်း၊ ဝက်သေရွာတပ်စခန်းနဲ့ ဖက်ရှည်ရွာတပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ရှမ်းမန်းစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်းအတွင်းက စဉ့်ကူးနဲ့မိုးကုတ်မြို့ကို သိမ်းပိုက်ရရှိထားပြီး မတ္တရာမြို့က တပ်စခန်း ၃၀ ကျော် သိမ်းပိုက်ထားနိုင်သလို လက်ရှိမှာ သပိတ်ကျင်းမြို့နယ်ကို ဆက်လက်ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

#သပိတ်ကျင်း #စစ်ကောင်စီတပ်စခန်း #MDYPDF #ရှမ်းမန်းစစ်ဆင်ရေး #၁၀၂၇ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10