သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဝက်လက်မြို့နယ်၊ သမ္မရိုးရွာသူ၊ ရွာသား ၇ဦးကို သတ်ဖြတ်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လမ်းမှာ ဖမ်းဆီးသွားတဲ့ ဒေသခံတွေကို ဓားစာခံလုပ်ပြီး ဒီနေ့ (ဇူလိုင် ၇ ရက်)မှာတော့ အရာတော်မြို့နယ်ထဲက မင်းရွာကြီးကျေးရွာကို ဝင်ရောက်မွှေနှောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မနက် ၅နာရီလောက်မှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၅၀ စီ ၂ ဖွဲ့ခွဲပြီး မင်းရွာကြီးကျေးရွာကို ဝင်ရောက်ပစ်ခတ်နေတာလို့ ရောင်နီဂျီဇက်တပ်ဖွဲ့တာဝန်ခံ ကိုဝင်းအောင်က ပြောပါတယ်။
ဒေသခံတစ်ဦးရဲ့ပြောကြားချက်အရ ပထမစစ်ကြောင်းဟာ အင်အား ၇၀ ဝန်းကျင်ပါပြီး ဒေသခံ၇ဦးကို အရှေ့ကထားကာ ကျေးရွာထဲဝင်ရောက်လာတယ်လို့ ဆိုပါတယ်။ နောက်ထပ် စစ်ကြောင်းကတော့ ဒေသခံ ၄ ဦးကိုဖမ်းပြီး မင်းရွာကြီးကျေးရွာအနီးက တောထဲဘက်ကိုထွက်သွားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေဟာ ဘယ်ကျေးရွာကဆိုတာတော့ အတည်ပြုလို့ မရသေးပါဘူး။
"အကုန်ပြေးနေရတော့ ဖုန်းသတင်းလောက်ပဲ အတည်ပြုလို့ရတယ်။ ဘယ်သူတွေမှန်း အတည်ပြုမရသေးဘူး။ သေနတ်တွေ ဆက်တိုက်ပစ်ပြီးဝင်လာလို့ အကုန်ကြောက်အားလန့်အား ထွက်ပြေးနေရတယ်" လို့ မင်းရွာကြီးကျေးရွာမှ ဒေသခံတဦးကပြောပါတယ်။
စစ်တပ်က စစ်ကြောင်းတွေထိုးနေတာကြောင့် ပြည်သူတွေအနေနဲ့လည်း အရာတော်-ထီးဆောင်းလမ်းကို လတ်တလောမှာ အသုံးမပြုကြဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကလည်း မေတ္တာရပ်ခံထားပါတယ်။
အရာတော်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ဇူလိုင် ၅ရက် ည ၈ နာရီလောက်မှာ ရွှေဘိုမြို့က ထွက်လာပြီး မနေ့က ဝက်လက်နယ်ကဒေသခံ ၇ ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်ပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ဝက်လက်မြို့နယ် #သမ္မရိုးရွာ #မင်းရွာကြီးကျေးရွာ #ဓားစားခံ #အရာတော် #ရွှေဘို
Share Share Share