သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်း၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းကို ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၊ နပခမှ တပ်ကြပ်ကြီး ၁ ဦး နဲ့ တပ်သားသစ် ၁ ဦး အလင်းဝင်ရောက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ သရက်ခရိုင်အမှတ် ၄ တပ်ရင်း နယ်မြေထဲကို ရောက်ရှိနေတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း ချိတ်ဆက်မှုတွေကနေတဆင့် နယ်မြေခံဖြစ်တဲ့ အမှတ် ၄ တပ်ရင်းဆီကို ဆက်သွယ်လာတာဖြစ်တယ်လို့ သိရပါတယ်။
အလင်းဝင်လာသူ ၂ ဦးဟာ MA3 ၁ လက်၊ ပစ္စတို ၁ လက်၊ အီနာဂါဗုံးသီး ၁ လုံးနဲ့ ဆက်စပ်ကျည်များဖြစ်တဲ့ MA 3 ကျည် ၁၅၁ တောင့်၊ ပစ္စတိုကျည် ၁၄ တောင့်ကို ယူလာခဲ့တယ်လို့ သိရပါတယ်။
သူတို့ ၂ ဦးအနက် တပ်သားဖြစ်သူဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရတဲ့သူ တယောက်ဖြစ်တယ်လို့ သိရပါတယ်။
“တပ်သားက လုပ်သက် သိပ်မကြာသေးတဲ့ အနေအထားမှာပါ။ အခု စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရတဲ့ တယောက်ပါ။” လို့ ကိုမြတ်က ပြောပါတယ်။
အလင်းဝင်ရောက်လာသူ ၂ ဦးကို ဆုကြေးငွေချီးမြှင့်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး လက်ရှိလိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားတယ်လို့ သိရပါတယ်။
“သူတို့ရဲ့ အခြေအနေကတော့ အားလုံးကောင်းပါတယ်။ သူတို့ ထွက်ပြေးလာတဲ့ဟာ အစာရေစာပြတ်လပ်မှုနဲ့ အနည်းငယ်ပင်ပန်းနေတာက လွဲလို့ပေါ့နော်၊ ကျန်တဲ့ စိတ်ပိုင်းရော၊ လူပိုင်းရော အားလုံးကောင်းပါတယ်။ ကျနော်တို့ကလည်း လက်ရှိမှာ သူတို့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အစာရေစာ အားလုံး လုံလုံလောက်လောက်နဲ့ သူတို့ကို ကောင်းကောင်းမွန်မွန် ထားရှိပါတယ်။” လို့ ကိုမြတ်က ဆိုပါတယ်။
စစ်ကောင်စီတပ် အလုံးစုံကျဆုံးဖို့ အလင်းဝင်ရောက်လာတဲ့ သူတွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါတာကြောင့် ပြည်သူ့ဘက်ကို ခိုလှုံဖို့ အမြဲဖိတ်ခေါ်ကြောင်း သူက ပြောပါတယ်။
“အခုချိန်မှာ နိုင်ငံအနှံ့ စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်ရဲ့ လက်အောက်ကနေပြီးတော့ ပြည်သူ့ဘက်ခိုလှုံ အလင်းဝင်ရောက်လာမယ့်သူတွေကို ကျနော်တို့တွေက အမြဲကြိုဆိုလျှက်ရှိပါတယ်။ ကျနော်တို့ဆီကိုလည်း Page Messenger နဲ့ Telegram တွေကနေမှတဆင့် ဆက်သွယ်နိုင်ပါတယ်။” လို့ ကိုမြတ်က ပြောပါတယ်။
ဓါတ်ပုံ - သရက်ခရိုင်တပ်ရင်း ၄။
သတင်း - မြတ်သော်တာ၊ စာတည်း - JCG
#မြေလတ်အသံ
#အမှတ်၁စစ်ဒေသ #မကွေးတိုင်း #သရက် #စရဖ #နပခ
Share Share Share