သလဲဘာကျေးရွာက ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာက ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ Snipe Rangers Force (Local - PDF)အဖွဲ့ဆီက သိရပါတယ်။

သလဲဘာကျေးရွာက ပျူစောထီးစခန်းကို ဩဂုတ် ၁၄ ရက် မနက် ၅ နာရီခွဲကနေ နေ့လယ် ၂ နာရီအထိ တိုက်ခိုက်ခဲ့တာလို့ Snipe Rangers Force (Local - PDF) ရဲဘော် ဆလိုင်းက ပြောပါတယ်။

သလဲဘာကျေးရွာမှာ ပျူစောထီးအင်အား ၄၀ ခန့်နဲ့ တပ်မ ၃၃ က စစ်သား ၁၀ ဦးရှိပြီး တိုက်ခိုက်ပြီးနောက်ပိုင်းမှာ သလဲဘာကျေးရွာမှာ စစ်သားအင်အားနဲ့ ကျည်အင်အားဖြည့်တင်းနေတယ်လို့ ရဲဘော်ဆလိုင်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Snipe Rangers Force (Local - PDF)၊ ဒေါင်းပြောက်ကျားတပ်၊ တွေ့မရှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမရပူရစစ်သည်တော်၊ ညောင်းဦးခရိုင် တပ်ရင်း ၁၊ AMT တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၂၁၊ GOD OF Snake တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အရာတော် #သလဲဘာကျေးရွာ #ပျူစောထီးစခန်း #တိုက်ခိုက်ခံရ #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10