သာယာဝတီခရိုင်က ပျူစောထီးခေါင်းဆောင်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ၁ ဦး ပစ်သတ်ခံရ

သာယာဝတီခရိုင်က ပျူစောထီးခေါင်းဆောင်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ၁ ဦး ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်နဲ့ နတ်တလင်းမြို့နယ်အတွင်းက ပျူစောထီး ခေါင်ဆောင် အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ၁ ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

အုတ်ဖိုမြို့နယ်၊ မတောင့်တရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ အသက် ၅၀ နှစ်အရွယ် ဦးအောင်မင်းထက်ကို နိုဝင်ဘာ ၂ ရက်မှာ ပစ်ခတ်ရာသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ဆီကသိရပါတယ်။

အုတ်ဖိုမြို့ပေါ်မှာ အရပ်ဝတ်စစ်ကောင်စီတပ်သားတွေနဲ့အတူ လောင်းကစားဝိုင်း ၁ ခုကို ဦးဆောင်ပြုလုပ်နေချိန် နေ့လယ် ၃ နာရီလောက်မှာ စီးနင်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။  

"(PDF တွေကို) မြို့အနောက်ခြမ်းကိုလာဖို့ သူကစိန်ခေါ်ထားတာပါ။ ဦးခေါင်းကို သေနတ် ၁ ချက်ပစ်ပြီး ရှင်းလိုက်တယ်" လို့ တပ်ခွဲ ၄ UGF OKPO မှ တပ်ခွဲ မှုးရဲဘော်ဒေဝ ကပြောပါတယ်။

အုပ်ချုပ်ရေးမှူးဆီက လက်ပစ်ဗုံး ၁ လုံး၊ ဓားမြောင် ၂ လက်၊ ငွေသား ၅၀,၀၀၀ ကျပ်နဲ့ ခါးပတ်အိတ် ၁ ခုကို သိမ်းဆည်းရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အုပ်ချုပ်ရေးမှူး အောင်မင်းထက်ဟာ ပြည်သူတွေကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့လူစုပေးတာ၊ ငွေကြေးကောက်ခံတာ၊ သန်းခေါင်စာရင်း ကောက်ယူရာမှာ ဦးဆောင်ပါဝင်တာ၊ စစ်ကောင်စီထံ တော်လှန်ရေးရဲဘော်တွေအကြောင်း ထောက်လှမ်းသတင်းပို့တာ၊ ဒေသခံလူငယ်တွေနဲ့ ပျူစောထီးအဖွဲ့  ဖွဲ့စည်းပြီး ပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးနေတဲ့အတွက် အခုလို ရှင်းလင်းခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံကျေးရွာက စစ်တပ်သတင်းပေး ပျူစောထီးချစ်ပို ဆိုသူကိုလည်း နိုဝင်ဘာ ၂ ရက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်၊ အမှတ် ၁ တပ်ရင်း တပ်ခွဲ-၂ Phoenix DF တပ်ဖွဲ့ဆီက သိရပါတယ်။ 

ချစ်ပိုကို ညနေ ၅ နာရီခွဲမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလှုပ်ရှားတဲ့ နယ်မြေကနေ ဖမ်းဆီးပြီး သူ့နေထိုင်ရာ ပျဥ်ပုံရွာကိုဖမ်းခေါ်လာချိန် ရွာအနီးအရောက် ည ၇ နာရီလောက်မှာ ထွက်ပြေးတဲ့အတွက်  ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

" (ချစ်ပိုက) ကျနော်တို့နယ်မြေထဲမှာ အလုပ်လုပ်တာပါ။ သူ့ကိုဖမ်းပြီး အိမ်နားအရောက် ထွက်ပြေးလို့ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်" လို့ PhoeniX DF တပ်ခွဲ ၂ တပ်ခွဲမှူး နဂါးလေး ကပြောပါတယ်။

သူရဲ့မိသားစုဝင်တွေကလည်း စစ်ကောင်စီနဲ့ပတ်သက်နေတဲ့လို့သိရတဲ့အတွက်စစ်ဆေးဖို့ နေအိမ်ကို ဖမ်းခေါ်လာချိန်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်က ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာက ပျူစောထီးတပ်ဖွဲ့ဝင် ဇော်မင်းဆိုသူလည်း သဲကုန်းမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ပကဖ ရဲ့ ပစ်ခတ်ရှင်းလင်းတာကို ခံခဲ့ရပါသေးတယ်။ 

ပုံစာ-ပျူခေါင်းဆောင် အုပ်ကြီးနဲ့သိမ်းဆည်းရတဲ့ပစ္စည်းတွေကိုတွေ့ရစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #သာယာဝတီခရိုင် #ပျူစောထီး #ရှင်းလင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10