သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ရွာသာအေးရွာနဲ့ ဖားရွှေကျော်ရွာကြားမှာ စစ်ကောင်စီက လူငယ် ၃ ဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စက်တင်ဘာ ၁၂ ရက် ဒီနေ့ မနက် ၃ နာရီခန့်မှာ ဆိုင်ကယ်နဲ့လာတဲ့ လူငယ် ၃ ဦးကို စစ်ကောင်စီကင်းပုန်းက ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
"အဲဒီရွာကြားမှာ ပစ်ခတ်မှုဖြစ်ပြီး လူငယ် ၃ ဦးသေတယ်လို့ သိရတယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူး။ အလောင်းကိုလည်း စကစဘက်ကပဲ ကောက်သွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က ပစ်သတ်လိုက်တဲ့ လူငယ် ၃ ဦးဟာ အသက် ၂၀ ကျော်အရွယ် လူငယ်တွေဖြစ်ပြီး ဘယ်သူဘယ်ဝါနဲ့ ဘယ်ရွာခံတွေဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။
" PDF တွေ မဟုတ်ဘူး။ ပြည်သူတွေ ဖြစ်နိုင်တယ်။ အဲ့သတင်းနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စုံစမ်းနေပါတယ်" လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီထောက်ခံ တယ်လီဂရမ်တွေမှာတော့ အဲ့ဒီအမျိုးသား ၃ ဦးဟာ PDF တွေဖြစ်ပြီး မိုင်းလာထောင်ချိန် တားဆီးစစ်ဆေးတာကို လက်မခံဘဲ ထွက်ပြေးတာကြောင့် ပစ်သတ်လိုက်တာလို့ ရေးသားထားကြပါတယ်။
စက်တင်ဘာ ၁၁ ရက် ညနေ ၆ နာရီခန့်မှာ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့က စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး အသက် ၅၀ နှစ်အရွယ် ဒေါ်သိမ့်သိမ့်လွင်ကို သာယာဝတီမြို့ ခလရ ၃၅ စစ်တပ်အနီး သာယာအေးကျေးရွာလမ်းပေါ်မှာ ပစ်သတ်ခံလိုက်ရပါတယ်။
အဲ့ဒီနောက်ပိုင်း သာယာအေးကျေးရွာနဲ့ ဖားရွှေကျော်ကျေးရွာကြားမှာ စစ်ကောင်စီအင်အား ၅၀ ကျော်နဲ့ လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #သာယာဝတီမြို့နယ် #ရွာသာအေးရွာ #ဖားရွှေကျော်ရွာ #စစ်ကောင်စီ #ပစ်သတ် #သတင်း
Share Share Share