သီတင်းကျွတ်လပြည့်နေ့မှာပြုလုပ်တဲ့ အာဏာရှင်ဆန့်ကျင်ရေး သပိတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေက ကျေးရွာ ၁ ရွာမှာ အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့မှာ အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီသပိတ်ကို အောက်တိုဘာ ၁၇ ရက်ညနေပိုင်းမှာ ၅/လက်ပံတောင်းသပိတ်စစ်ကြောင်းက ဦးဆောင်ကာ ဒေသခံပြည်သူတွေနဲ့အတူ သပိတ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါသပိတ်မှာ "ဓမ္မကိုပူဇော် အဓမ္မကိုလောင်ကျွမ်း"စာသားပါဘန်နာကိုင်စွဲကာ လှည့်လည်ဆန္ဒပြရင်း စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေးကြွေးကြော်သံများကိုလည်း ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#ညနေခင်းသပိတ် #သီတင်းကျွတ် #အာဏာရှင်ဆန့်ကျင်ရေး #reels #shorts 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10