သေနတ်ပစ်သင်တန်းသားတွေနဲ့ ရှေ့တန်းရဲဘော်တွေကို ထောက်ပံ့ပေးနိုင်ခဲ့တဲ့ ကျည် ၅၀၀၀ ကမ်ပိန်း (ရုပ်/သံ)

ပဲခူးတိုင်း၊ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Kawa People Defense Force-KAWA PDF က ပြုလုပ်နေတဲ့ သေနတ်ပစ်အခြေခံစစ်သင်တန်း အပတ်စဉ် ၅ ရဲဘော်တွေကို ကျည် ၅၀၀၀ ကမ်ပိန်းကနေ ထောက်ပံ့နိုင်ခဲ့တဲ့အပြင် ရှေ့တန်းကရဲဘော်တွေကိုလည်း ထောက်ပံ့တာတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီကမ်ပိန်းကို ဇွန် ၅ ရက်ကနေ ဇူလိုင် ၅ ရက်အထိ ၁ လကြာပြုလုပ်ခဲ့တာဖြစ်ပြီး လျာထားချက်မပြည့်မီလို့ ဇူလိုင် ၁၉ ရက်အထိ ထပ်မံပြုလုပ်ခဲ့ရာမှာ ကမ်ပိန်းလျာထားချက်ပြည့်မီခဲ့တာဖြစ်ပြီး အခုလို ထောက်ပံ့နိုင်ခဲ့တာလို့ Kawa People Defense Force-KAWA PDF က တာဝန်ခံက ပြောပါတယ်။

အပတ်စဉ် ၅ သင်တန်းကိုတော့ မေ ၅ ရက်ကစတင်ခဲ့တာဖြစ်ပြီး ၃ လတာသင်တန်းဖြစ်ကာ သင်တန်းကို အမျိုးသား ၄၁ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ LGBTQ ၁ ဦးတို့တက်ရောက်ခဲ့ကြပြီး သင်တန်းပြီးပါက လက်နက်တပ်ဆင်မှုတွေကိုလည်း ထပ်မံလုပ်ဆောင်ရဦးမယ်လို့ သူကဆက် ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗဟိုဌာနကို ကျည်နဲ့ ခဲယမ်းတွေတောင်းထားပေမယ့် မရသေးတဲ့အတွက် ကမ်ပိန်းပြုလုပ်ခဲ့တာဖြစ်ပြီး ရှေ့တန်းရောက်ရဲဘော်တွေအတွက်လည်း ကမ်ပိန်းကျည်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Kawa People Defense Force-KAWA PDF ဟာ ယခု ၁ ကြိမ်အပါ သင်တန်းပေးတာ ၅ ကြိမ်မြောက်ဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၁၅၀ ကျော်ကို သင်တန်းပေးပြီးဖြစ်ပါတယ်။

လက်ရှိမှာတော့ KNU/KNLA ဦးစီးကွပ်ကဲမှုကနေ ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲဝင်နေပြီး မြို့ပြစစ်ဆင်ရေးတွေကတော့ နားထားရတယ် လို့ပြောပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူး #ကဝ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #ကျည်၅၀၀၀ #ကမ်ပိန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10