သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့မှာ စစ်ကောင်စီရဲ့ သတင်းပေးလို့ နာမည်ကျော်ကြားနေတဲ့ ဦးဇော်ဝင်းဟာ ဒီနေ့ မနက် ၈နာရီဝန်းကျင်မှာ သေနတ်နဲ့ ပစ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုတီးကုန်းက သဲကုန်းကိုသွားတဲ့ ဇလဲ့ရွာနားမှာ သေနတ်အတိုနဲ့ ပစ်ခံရပြီးသေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
" သူက အာဏာမသိမ်းခင် အရင်ကတည်းက ရဲသတင်းပေး၊ ရဲတွေလာရင် ကြက်ဝိုင်းတွေ၊ ၂လုံးဒိုင်တွေကို လိုက်ပြရတယ်၊ အင်ဖော်မာ ဇော်ဝင်းလို့ ခေါ်ကြတယ်၊ သူ့တူ နှစ်ယောက်က ဆင်တဲ က.ပ.စက တပ်ကြပ်ကြီးနဲ့ တပ်သားတွေပါ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဦးဇော်ဝင်းကို ဘယ်အဖွဲ့အစည်းက ပစ်သွားတယ်ဆိုတာ မသိရသေးပဲ အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ခုက ပစ်သွားက ဖြစ်တယ်လို့ သိရပါတယ်။
#မြေလတ်အသံ
Share Share Share