ဟင်္သာရွာပျူစောထီးစခန်းကို တိုက်ခိုက်ပြီး စခန်းကိုမီးရှို့ခဲ့

ဟင်္သာရွာပျူစောထီးစခန်းကို တိုက်ခိုက်ပြီး စခန်းကိုမီးရှို့ခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာရွာပျူစောထီးစခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စခန်းကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

အဲ့ဒီစခန်းကို ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က စစ်သားတွေရောက်လာတဲ့ သြဂုတ် ၁၅ ရက်က စတင်ပြီး သြဂုတ် ၁၈ အထိ ဝင်ရောက်တိုက်ခိုက်ခဲ့ရင်း ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

“လက်ရှိတော့ သူတို့နေခဲ့တဲ့ အဆောက်အဦတွေ၊ ဘန်ကာတွေ၊ အကာအကွယ်ယူထားတဲ့ နေရာတွေကိုတော့ ကျနော်တို့ မီးရှို့ဖျက်ဆီးပြီး ရှင်းလင်းထားပါတယ်။ သိမ်းဆည်းရမိတာကတော့ ဆိုင်ကယ်တွေ ဆန်အိတ်တွေရှိပြီး အသေးစိတ်ကိုတော့ အတည်ပြုလို့မရသေးပါဘူး။” လို့ ရေစကြိုပကဖရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ စခန်းကထွက်ပြေးချိန် သြဂုတ် ၂၁ ရက်မှာ စခန်းကိုမီးရှို့ပြီး ပစ္စည်းတချို့ကို သိမ်းဆည်းခဲ့တာဖြစ်ပြီး လက်ရှိ စစ်ကောင်စီအဖွဲ့တွေဟာ ပခန်းကြီးကျေးရွာဘက်ကို ဆုတ်ခွာနေကြတယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်ကလည်း ရေစကြိုမြို့နယ်၊ ဟင်္သာရွာကထွက်လာတဲ့ အင်အား ၆၀ ပါ ပခုက္ကူ တပ်မ ၁၀၁ က စစ်သားတွေကို ရပ်သာရွာမနဲ့ရပ်သာကျွန်းအကြားမှာ ရေစကြိုပကဖက တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးဒဏ်ရာရခဲ့ပြီး G3 ကျည်နဲ့ ကာဘိုင်ကျည်အချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်ကောင်စီ #ပျူစောထီးစခန်း #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10