အချိန်မရွေးပစ်ခတ်မှုတွေဖြစ်နိုင်တဲ့အတွက် ရေနံချောင်းနယ်က လမ်းပိုင်း ၄ ခုကို အချိန်နဲ့သွားဖို့ ပကဖ သတိပေး

အချိန်မရွေးပစ်ခတ်မှုတွေဖြစ်နိုင်တဲ့အတွက် ရေနံချောင်းနယ်က လမ်းပိုင်း ၄ ခုကို အချိန်နဲ့သွားဖို့ ပကဖ သတိပေး

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်းက လမ်းပိုင်း ၄ ခုကို မေ ၄ ရက်ကစပြီး မနက် ၆ နာရီကနေ ည ၈ နာရီနောက်ဆုံးထားပြီး ဖြတ်သန်းသွားလာကြဖို့ ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။ 

ရေနံချောင်းမြို့နယ်ထဲက ယာကြီးပြင်အင်တောလမ်း၊ ချိုင်းလေးတိုင်စဉ်လမ်း၊ ကုန်းအိုင်-ဖောင်းကွဲ-လွန်ပရှိုလမ်း၊ မိုးပေါ်ကန်-ညောင်ဇောက်ချောင်း-ရွှေတုတ်ကန်-ဝါရိုး-မကျည်းတိုင်းလမ်း စတဲ့လမ်းပိုင်း ၄ ခုမှာ ပစ်ခတ်မှုတွေ အချိန်မရွေးဖြစ်နိုင်တဲ့အတွက် သတိပေးလိုက်တာလို့ ဆိုပါတယ်။ 

“အဓိကတော့ အပြန်အလှန်စစ်ရေးတင်းမားမှုနဲ့ ထိတွေ့မှုတွေရှိလို့ပါ။ ဘယ်လိုဖြစ်နေတယ်ဆိုတဲ့ အတိုင်းအတာကိုတော့ စစ်ရေးအရ ပြောပြလို့မရသေးဘူး။ အဓိကတော့ ပြည်သူတွေကိုပြောချင်တာက အခု ထုတ်ပြန်ချက်အတိုင်း လိုက်နာပေးပါ။” လို့ ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်စံသျှားက ပြောပါတယ်။ 

အရေးကြီးကိစ္စတွေကြောင့် ကန့်သတ်ထားတဲ့အချိန်အတွင်း သွားရမယ်ဆိုရင်လည်း ပကဖအဖွဲ့ဆီ အကြောင်းကြားဖို့နဲ့ ခွင့်ပြုချိန်အတွင်း ဖြတ်သန်းတဲ့အချိန်မှာလည်း ကားတွေကိုမှန်ချမောင်းကြဖို့ ဗိုလ်စံသျှားက ပြောပါတယ်။ 

နောက်ထပ်ထုတ်ပြန်ချက်တစုံတရာ မထုတ်ခင်အထိ ဒီထုတ်ပြန်ချက်ဟာ အတည်ဖြစ်ပြီး ပြည်သူတွေအနေနဲ့ လိုက်နာမှုမရှိပါက ဖြစ်လာတဲ့ပြဿနာတွေကို တာဝန်ယူမှာမဟုတ်လို့လည်း ဆိုပါတယ်။ 

လက်ရှိမှာ ရေနံချောင်းနယ်အတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ်လို့လည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။ 

ပုံစာ - ရေနံချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေနံချောင်း #လမ်းပိုင်း #သွားလာခွင့် #သတိပေး #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10