သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ပြည်သူ့စစ်စခန်းက ပျူစောထီး ၁ ဦး Student's Revolutionary Force ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)ထံ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၀ ဝန်းကျင်ရှိ ပျူစောထီး ကိုဇင်ကိုဟာ ပျူစောထီးအချင်းချင်းနှိပ်စက်တာတွေ ခံရတာကြောင့် ဇန်နဝါရီ ၂၄ ရက် မနေ့က အလင်းဝင်လာတာလို့ S.R.F ရဲဘော် Bravo က ပြောပါတယ်။
"ဘာကြောင့်အလင်းဝင်လာလဲဆိုတာ သူပြောပြချက်အရ သူတို့က တိရစ္ဆာန်တွေလိုပဲနေရတယ်၊ ပြည်သူ့စစ်စခန်းနေရာမှာ စစ်တပ်စခန်းတခုလိုပဲ ကင်ကုန်းမှာနေရတာ" လို့ သူကဆက်ပြောပါတယ်။
အဲ့ဒီနေရာကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့အနေနဲ့တိုက်ခိုက်မှု ၂ ကြိမ်ရှိခဲ့ပြီး ပထမအကြိမ်မှာ ပျက်စီးမှုမရှိခဲ့ဘဲ ဒုတိယအခေါက်မှာတော့ အမာခံကုန်းတွေကို ခြေမှုန်းနိုင်ခဲ့တယ်လို့ ရဲဘော် Bravo က ဆိုပါတယ်။
"အဲ့ဒီလိုဖြစ်တော့ သူတို့စိတ်ဓါတ်ပျက်ပြားရတာလည်း ပါတာပေါ့၊ ပြည်သူ့စစ်ဆိုတာက ရွာသားတွေပဲ၊ စစ်သင်တန်းပေးပြီး သေနတ်ပေးထားတာ၊ ကုန်းပေါ်ကနေ ရွာထဲလည်းဆင်းခွင့်မရ ရွာထဲကနေရွာအပြင်လည်း ထွက်ခွင့်မရှိဘူး" လို့ သူကဆက်ပြောပါတယ်။
S.R.F အဖွဲ့ဟာ မင်းကင်းနယ်မြေထဲမှာ တိုက်ပွဲဖော်ဆောင်မှုတွေ အများဆုံး ပြုလုပ်နေပြီး ယခင်တိုက်ပွဲတွေမှာလည်း အင်ကြင်းတောင်ပြည်သူ့စစ်စခန်းက လက်နက်နဲ့ဖမ်းမိသူ သက်ကြီးအမျိုးသား ၃ ဦးကို လွှတ်ပေးလိုက်ပြီး လက်နက်ကိုသာ ယူထားလိုက်တယ်လို့ သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #မင်းကင်းမြို့နယ် #ပြည်သူ့စစ်စခန်း #အင်ကြင်းတောင် #ပျူစောထီး #SRF #တိုက်ပွဲဖော်ဆောင် #လက်နက်ခဲယမ်း #အလင်းဝင် #မြေလတ်သတင်း
Share Share Share