အညာစစ်ရှောင်တွေရဲ့ အောဂဲနစ်စိုက်ခင်း (ရုပ်သံဆောင်းပါး)

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မှ စားနပ်ရိက္ခာခက်ခဲနေတဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် Special and Choice - S&C ပရဟိတအဖွဲ့က အောဂဲနစ်သီးနှံစိုက်ခင်းကို ၂၀၂၃ နိုဝင်ဘာအစောပိုင်းကာလမှာ စတင်စိုက်ပျိုးပြီး သီးနှံတွေကို မျှဝေစားသောက်နေကြပါတယ်။ 

သီးနှံစိုက်ခင်းက ၄ ဧက ရှိရာ ၂ ဧကမှာ ငှားရမ်းစိုက်ပျိုးထားတာဖြစ်ပြီး ၂ ဧကမှာ ပြည်သူတွေက အခမဲ့ငှားရမ်းပေးထားတယ်လို့ S&C တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။

အဲ့ဒီစိုက်ခင်းမှာ ကျောက်ဖရုံ၊ ရွှေဖရုံ၊ ဗူးသီး၊ ကိုက်လန်၊ မုန်လာပွင့်၊ မုန်လာထုပ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုတ်သီး ၊ပဲသီး ၊နံနံပင် ၊ မုံလာဥဖြူ ၊ကြက်သွန်နီ ၊ဆလပ်ရွက် သီးနှံတွေကို စိုက်ပျိုးထားပါတယ်။

အော်ဂဲနစ်တွေသီးနှံတွေ စိုက်ပျိုးနိုင်ဖို့ S&C အဖွဲ့ဝင်တွေဖြစ်တဲ့ စိုက်ပျိုးရေးဌာနက CDM ဝန်ထမ်းတွေက ဦးဆောင်စိုက်ပျိုးတာဖြစ်ပြီး စိုက်ခင်းမှာ ရေလောင်း၊ ပေါင်းနှုတ်၊ ခူးဆွတ်စတဲ့အလုပ်တွေကို ပြည်သူတွေက ဝိုင်းဝန်းကူညီလုပ်ကိုင်ကြပါတယ်။ 

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

# စစ်ကိုင်းတိုင်း #ရွှေဘိုခရိုင် #စစ်ရှောင် #CDM # အော်ဂဲနစ်သီးနှံစိုက်ခင်း #S&Cအဖွဲ့ #ထောက်ပံ့# မြေလတ်သတင်း #ရုပ်သံဆောင်းပါး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10