အညာမြေတပ်ပေါင်းစုက ရဲဘော် G shock  နာရေးရက်လည်ကို ၁၀ ရက်ကြာမှာပြုလုပ် (ရုပ်/သံ)

မြိုင်မြို့နယ်၊ စခန်းသိမ်းတိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ အညာမြေတပ်ပေါင်းစုက အသက်(၂၃)အရွယ် ရဲဘော် G Shock ရဲ့ နာရေးအခမ်းအနားနဲ့ ရက်လည်ဆွမ်းကပ်တရားနာတာတွေကို ယနေ့ ဩဂုတ်လ ၁၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားတွေကို ရဲဘော် G Shock ကျဆုံးခြင်း ၁၀ ရက်မြောက်နေမှာပဲ အညာမြေတပ်ပေါင်းစုရဲ့ စခန်းတနေရာမှာပြုလုပ်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မြေလတ်အသံကို ပြောပါတယ်။

မြိုင်မြို့နယ်က၊ ကိုင်းတောမရဲစခန်းနဲ့ မြိုင် ကပစကို ရေပေးဝေနေတဲ့ ရေစက်အထိုင်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး သြဂုတ်လ ၃ ရက်က စတင်တိုက်ခဲ့တာဖြစ်ပြီး အဲဒီနေ့တိုက်ပွဲမှာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)က အသက်(၁၇)နှစ်အရွယ် ရဲဘော် မဟောက်နဲ့ အညာမြေတပ်ပေါင်းစု ကအသက်(၂၃)အရွယ် ရဲဘော် G Shock တို့ကျဆုံးခဲ့ရပါတယ်။

အဲဒီစခန်းတွေကို တိုက်ခိုက်တာ လေးရက်မြောက်နေဖြစ်တဲ့ ဩဂုတ်လ ၇ ရက်နေ့မှာတော့စခန်းကိုသိမ်းနိုင်ခဲ့ပြီ ကျဆုံးရဲဘော်နှစ်ဦးရဲ့ အလောင်းတွေကို တိုက်ပွဲဖြစ်တဲ့နေရာမှာတင် သင်္ဂြိုလ်ခဲ့ရပြီး ဒီနေ့မှာတော့  G Shock ရဲ့နားရက်လည်အနေနဲ့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို  အညာမြေတပ်ပေါင်းစုအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်ကပဲ ဆက်ပြောပါတယ်။

တရက်တည်းအတူကျဆုံးခဲ့တဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)က အသက်(၁၇)နှစ်အရွယ် ရဲဘော် မဟောက်ကိုတော့ စျာပနပြုလုပ်ခဲ့ပြီး ကျဆုံးသူရဲ့ကျန်ရစ်ပစ္စည်းတွေကို မိသားစုဆွေမျိုးတွေဆီကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10