အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချမှတ် လက်ရှိထိန်းသိမ်းထားရာနေရာတွင်ဆက်လက်ထားရှိမည်

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချမှတ် လက်ရှိထိန်းသိမ်းထားရာနေရာတွင်ဆက်လက်ထားရှိမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချမှတ်ခဲ့ပြီး လက်ရှိထိန်းသိမ်းထားရာနေရာတွင်ဆက်လက်ထားရှိမည်ဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်တစ်ဦးက မြေလတ်အသံသတင်းဌာန သို့ပြောသည်။

ယနေ့ဒီဇင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီဝန်းအတွင်းရှိအထူးတရားရုံးတွင် အထူးတရားသူကြီးအဖြစ်တာဝန်ယူထားသူ ဇဗ္ဗူသီရိမြို့နယ်တရားသူကြီးဦးမောင်မောင်လွင် က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံကသိရသည်။

" နေပြည်တော်ကောင်စီဝန်းထဲက အထူးတရားရုံးမှာ တရားသူကြီးဦးမောင်မောင်လွင်က အမိန့်ချမှတ်လိုက်တာပါ။ စွဲဆိုထားတဲ့အမှုတွေထဲက အမှုကြီးတွေကိုတော့ ခရိုင်တရားသူကြီးကကိုင်တွယ်ပြီး အခုအမှုသေး‌တွေကိုတော့ မြို့နယ်အဆင့်က ကိုင်ရတာပါ။ ထောင်တွေဘာတွေတော့ မပို့သေးဘူး။ လျို့ဝှက်ထိန်းသိမ်းထားတဲ့နေရာမှာပဲ ဆက်ထားရှိပြီး ကျန်ရှိအမှုတွေကိုဆက်ရင်ဆိုင်ရမှာပါ" ဟု သတင်းရင်းမြစ်ကဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို သဘာဝ ဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ၂၅ အရ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၀၅ ခ ဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၄ နှစ်ချမှတ်ထားပြီး ဆက်စပ်နေသည့်အမှုတစ်ခုအတွက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကို ထောင်ဒဏ် ၂ နှစ် အသီးသီးချမှတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10