အမ်း-ပဒါန်းလမ်းပိုင်း ပြိုကျလို့ သွားလာရေးခက်ခဲနေ

အမ်း-ပဒါန်းလမ်းပိုင်း ပြိုကျလို့ သွားလာရေးခက်ခဲနေ

မကွေးတိုင်း၊ မင်းဘူးမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့ကိုဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းပြိုကျတဲ့အတွက် သွားလေရေးအခက်တွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၂၇ ရက်မနက် ၉ နာရီခန့်ကစပြီး မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် မကွေးတိုင်းအစွန်ရှိ ဒေသအခေါ် ပိန်းရေစမ်းနဲ့ ကံမြင့်ကန်ကျေးရွာအကြားက လမ်းပိုင်းမှာ ပေ ၅၀ ကျော် ပြိုကျပျက်စီးသွားတာလို့ ဆိုပါတယ်။

"လမ်းကမိုးများပြီး ပြိုကျသွားတယ်။ တောင်ပေါ်လမ်းပေါ့။ လောလောဆယ်တော့ ဆိုင်ကယ်တွေလောက်ပဲ သတိထားပြီး သွားလို့ရတယ်။ ကားတွေကတော့ ဘာကားမှသွားလို့မရဘူး"လို့ မင်းဘူးဒေသခံတဦးက ပြောပါတယ်။

ကုန်တင်ယာဥ်တွေနဲ့ ခရီးသွားကားတွေသွားလာလို့မရတာကြောင့် အမ်းမြို့နယ်အတွင်းမှာ ကုန်စိမ်း အပါအဝင် အခြေခံစားသောင်ကုန်နဲ့ လူသုံးကုန်တွေပြတ်လပ်နိုင်တယ်လို့လည်း အထက်ပါဒေသခံက ပြောပါတယ်။ 

အဆိုပါလမ်းပိုင်းဟာ ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းကို ကုန်စည်စီးဆင်းမှုအတွက် အဓိကျတဲ့ လမ်းပိုင်းတခုဖြစ်ပြီး အချိန်မီမပြုပြင်နိုင်ပါက ကုန်စျေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို အမ်းဒေသခံတွေ ခံစားရနိုင်တယ်လို့လည်း ဆိုပါတယ်။ 

ဇူလိုင် ၂၈ ဒီမနက်ပိုင်းအထိ ပြိုကျပျက်စီးသွားတဲ့ လမ်းပိုင်းနေရာကို ပြင်ဆင်တာတွေ မလုပ်နိုင်သေးတာကြောင့် ဖြတ်သန်းသွားမယ့် ကားတွေကတော့ စောင့်ဆိုင်းနေကြရတယ်လို့ သိရပါတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မင်းဘူး #လမ်းပြိုကျ #လမ်းပန်းဆက်သွယ်ရေး #သဘာဝဘေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10