အမျိုးသမီး ဆေးတပ်သား အီကြာကွေးရဲ့ ၃ နှစ်တာ တော်လှန်ရေးခရီး (ရုပ်သံဆောင်းပါး)

“တိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ အချိန်ကာလအားဖြင့် ၃ နှစ်ပြည့်ပြီပေါ့နော်။ အချိန်ကာလကိုပဲ မကြည့်ဘဲနဲ့ လိုချင်တဲ့ ပန်းတိုင်ကိုသာကြည့်ပြီးတော့ မလျှော့သောဇွဲလုံ့လနဲ့ ဆက်လက်တိုက်ပွဲဝင်ပေးကြပါ၊ ပြည်သူတွေလည်း အားမလျှော့ဘဲနဲ့ ပါဝင်ပေးကြပါ”

၂၀၂၁ စစ်အာဏာသိမ်းလိုက်ရာကနေစတဲ့ နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေများစွာ ကိုယ်တိုင်ကိုယ်ကျပါဝင် တိုက်ပွဲဝင်နေကြပါတယ်။ 

ဒီထဲမှာ ၂၆ နှစ်အရွယ် မအီကြာကွေးလည်း တက်ကြွစွာပါဝင်လှုပ်ရှားနေပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ် ၂၀၂၁ စစ်အာဏာမသိမ်းခင်က သူဟာ ဘူမိဗေဒဘာသာရပ်နဲ့ မာစတာတန်းဆက်တက်ဖို့‌ စောင့်ဆိုင်းနေခဲ့တဲ့ ကျောင်းသူတယောက်ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းတဲ့အခါမှာ ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ရာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို ကြုံခဲ့ရပါတယ်။ အဲဒီနောက် လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပြီး လက်တလောမှာ ဆေးတပ်သားတယောက်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်နေပါတယ်။

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #နွေဦးတော်လှန်ရေး #အမျိုးသမီး #တော်လှန်ရေးခရီး #အီကြာကွေး #ကျောင်းသူ #ဆန္ဒပြ #လက်နက်ကိုင် #ဆေးတပ်သား #ပြည်သူ့ကာကွယ်ရေးတပ်မတော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10