အမျိုးသမီးရဲဘော်တွေပါဝင်တဲ့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းရဲ့ အပတ်စဥ် ၃ အခြေခံစစ်သင်တန်း (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက အပတ်စဥ် ၃ အခြေခံစစ်ပညာသင်တန်းကို အောက်တိုဘာ ၁၅ ရက်မှာ စတင်ပြုလုပ်ခဲ့တယ်လို့ အဲဒီတပ်ရင်းဆီက သိရပါတယ်။

အပတ်စဥ် ၃ အခြေခံစစ်သင်တန်းမှာ အမျိုးသားရဲဘော် ၆ ဦး အမျိုးသမီးရဲဘော် ၄ ဦးတို့ပါဝင်ပြီး အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးကနေ NCO အကြပ်သင်တန်းဆင်းခဲ့တဲ့ သင်တန်းဆရာတွေက သင်တန်းပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သင်တန်းအတွင်းမှာ တိုက်ခိုက်ရေးအပြင် ခန္ဓာကိုယ်ကြံ့ခိုင်ရေးသင်ခန်းစာတွေကိုပါ သင်ကြားရပြီး သင်တန်းပြီးဆုံးမယ့်ရက်ကိုတော့ မသိရသေးဘူးလို့ အမျိုးသမီးရဲဘော် ET က ပြောပါတယ်။

သင်တန်းပြီးဆုံးတဲ့အခါ အမျိုးသမီးရဲဘော်တွေအနေနဲ့ တပ်ရင်းရဲ့နောက်တန်းမှာ တာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

မင်းဘူးခရိုင်တပ်ရင်းအတွင်းမှာ လက်ရှိအချိန်အထိ အမျိုးသမီးရဲဘော် ၁၅ ဦးရှိတယ်လို့လည်း ဆိုပါတယ်။

သတင်း - ဒိန်းဂျား၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မင်းဘူးခရိုင် #အမှတ်၂တပ်ရင်း #အခြေခံစစ်သင်တန်း #အမျိုးသမီးရဲဘော် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10