သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ လူ ၂၈ ဦးလိုက်ပါလာတဲ့ ကားတိမ်းမှောက်ပြီး ၁၆ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၁၆ ရက်ညနေ ၆ နာရီခန့်မှာ မန္တလေးဘက်ကနေ နေပြည်တော်ဘက်ကိုမောင်းလာတဲ့ HYUNDAI PORTER II အမျိုးစား(အဖြူရောင်) မီနီထရပ်(Mini Truck) ကားဟာ ကားလမ်းမိုင်တိုင်အမှတ် ၃၁၇ အနီးမှာ တိမ်းမှောက်ခဲ့တာလို့ဆိုပါတယ်။
"အရှိန်များပြီး စလစ်ဖြစ်မှောက်တာလို့တော့ သိရတယ်။ ကံကောင်းတာက တယောက်မှ မသေသွားဘူး။ ယာဥ်မောင်းတယောက်ပဲ စိုးရိမ်ရတယ်"လို့ ဒေသခံတဦးကပြောပါတယ်။
အဲဒီကားပေါ်မှာ ယာဥ်မောင်းအပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂၁ ဦးနဲ့ ကလေးငယ် ၄ ဦးပါလာတယ်လို့ သိရပြီး အားလုံးက မိတ္တီလာမြို့မှာနေထိုင်သူတွေဖြစ်ကာ အဲ့ဒီထဲက ကလေးငယ် ၁ ဦး၊ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေကိုတော့ ဒေသခံတွေက မိတ္တီလာဆေးရုံကိုပို့ဆောင်ပေးခဲ့ကြရပြီး လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်ကလည်း တံတားဦးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားတစီးတိမ်းမှောက်ပြီး ယာဥ်မောင်းအမျိုးသား ၁ ဦးသေဆုံးကာ ကလေး ၃ ဦးအပါအဝင် ၆ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #မတ္ထီလာ #အမြန်လမ်း #ကားမှောက် #ဒဏ်ရာရ
Share Share Share