သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ဧပြီ ၁၉ ရက် မနေ့ည ၁၀ နာရီခန့်က ယာဥ်တိမ်းမှောက်မှုဖြစ်ပွားလို့ အမျိုးသား ၁ ဦးသေဆုံးပြီး ကလေး ၃ ဦးအပါ ၆ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အမြန်လမ်းအတိုင်း နေပြည်တော်ဘက်ကနေ မန္တလေးလေးဘက်ကိုမောင်းလာတဲ့ Mitsubishi Challenger အမျိုးအစား အဖြူရောင်အိမ်စီးကားဟာ မိုင်တိုင်အမှတ် (၃၃၆/၄) နဲ့ (၃၃၆/၅)ကြား အရောက်မှာ ရှေ့ဘီးပေါက်ပြီး လမ်းဘေးထိုးကျတိမ်းမှောက်သွားတာလို့ ဆိုပါတယ်။
" ကားက မန္တလေးမြို့ကကားလို့တော့ သိရတယ်။ ရေနံချောင်းဘက်ကို အလုပ်ကိစ္စနဲ့သွားပြီး ပြန်လာကြတာ။ ကားပေါ်မှာက ကလေး ၃ ယောက်နဲ့ လူကြီး ၄ ယောက်ပါတာ"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ယာဥ်တိမ်းမှောက်တာကြောင့် အသက် ၄၀ အရွယ်ယာဥ်မောင်းအမျိုးသားဟာ နေရာမှာပဲသေဆုံးပြီး အသက် ၁၀ နှစ်ကနေ ၁၅ နှစ်ကြား ကလေး ၃ ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး၊ အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ယာဥ်တိမ်းမှောက်လို့ သေဆုံးဒဏ်ရာရသူတွေကိုတော့ စကားအင်းအမြန်လမ်းမီးသတ်နဲ့ ဒေသခံတွေက တံတားဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်ကလည်း တောင်ငူမြို့နယ်အပိုင် ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၅၈/၅) ဖာလုံအနီးမှာ ယာဥ် ၅ စီးဆင့်တိုက်မှုဖြစ်ပွားလို့ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#အမြန်လမ်း #ယာဉ်တိမ်းမှောက် #လူသေဆုံးမှု #ယာဉ်မတော်တဆမှု #ဒဏ်ရာရ
Share Share Share