အရပ်သားကားနဲ့လာတဲ့ စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရလို့ ၄ ဦးဒဏ်ရာရ

အရပ်သားကားနဲ့လာတဲ့ စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရလို့ ၄ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သဲရွာနဲ့ ရွာကြီးရွာသစ်ကြားမှာ အရပ်သားကားနဲ့လာတဲ့ စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၄ ရက်မနက် ၁၀ နာရီဝန်းကျင်မှာ မြင်းခြံဘက်ကနေ နွားထိုးကြီးဘက်ကို အင်အား ၈ ဦးခန့်ပါတဲ့ စစ်ကောင်စီအဖွဲ့ဟာ အရပ်သားကားနဲ့ထွက်လာချိန် ပဒေသာမိုင်း ၇ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces တာဝန်ရှိသူကပြောပါတယ်။

"မြင်းခြံက စကစ အဖွဲ့တွေပါ။ သူတို့က စစ်ကားတွေနဲ့လာရင် မကြာခဏမိုင်းဆွဲခံရလို့ အရပ်သားကားတွေ အသုံးပြုသွားလာနေတာကို ကျနော်တို့ဘက်ကသတင်းရလို့ စောင့်ပြီး ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာ။ ကားကိုလည်း ထိသွားတယ်။ ကားက အာရဖတ်ကားပါ။ ဖင်ပိုင်းကို ထိသွားတယ်။ စကစဘက်က ထိခိုက်မှုရှိတယ်" လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces တပ်ခွဲ ၁ တပ်ခွဲ ၃ နဲ့အတူ Natogyi Regional Defence Force – NRDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ကားမိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီဘက်က ၄ ဦးဒဏ်ရာရပြီးနောက် ပတ်ဝန်းကျင်ကို ၁၀ မိနစ်လောက် ရမ်းသမ်းပစ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၉ ရက်ညနေ ၅ နာရီခန့်မှာလည်း မြင်းခြံမြို့ပေါ်ကနေ အိမ်စီးကား ၇ စီးနဲ့ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ တူးရွင်းရွာနဲ့ သစ်ရုံရွာကြားမှာ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပုံစာ - ကာကွယ်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်လမ်းပိုင်း။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10