အရေးနိမ့်ဆုတ်ခွါသွားတဲ့ စစ်ကောင်စီတပ်က ပြည်သူပိုင်နေအိမ်ပစ္စည်းတွေကို ဖျက်ဆီးပြီး ကားနဲ့ဆိုင်ကယ်တွေ ယူသွား (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဝန်လိုနဲ့ ခိုနန်းကျေးရွာတွေကို သြဂုတ် ၁၇ ရက်က ဆင်ဖြူကျွန်း ခလရ ၂၅၅၊ ပွင့်ဖြူမြို့နယ် ဝါတပ်ရင်းနဲ့  ပျူစောထီးစုပေါင်းအင်အား ၈၀ ကျော်တို့က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီး ယူဆောင်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီစစ်ကြောင်းကို PDF ပူပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ သြဂုတ် ၂၁ ရက်မှာ စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ဝန်လိုနဲ့ခိုနန်းကျေးရွာက အိမ်ထောင်စု ၁၈၀ ကျော်၊ လူဦးရေ ၈၀၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဘေးလွတ်ရာမှာစစ်ဘေးရှောင်ခိုင်းကာ နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ရာမှာ အခုလို ဖျက်ဆီးထားတာတွေကို တွေ့ခဲ့ရတာလို့ပွင်ဖြူမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအညာသား က ပြောပါတယ်။

ဆုတ်ခွါသွားတဲ့ စစ်တပ်က လုပ်ငန်းသုံးကား ၂ စီးနဲ့ ဆိုင်ကယ် ၂ စီးယူဆောင်သွားခဲ့ပြီး အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်စားသောက်ပြီး နေအိမ်အချို့ကိုဖျက်ဆီးခဲ့တာတွေ လုပ်ဆောင်ခဲ့တာပါ။

ဒါ့အပြင်နေအိမ်တွေထဲက ပျက်စီးသွား၊ ပျောက်ဆုံးသွားတဲ့ တန်းဖိုးရှိပစ္စည်းစာရင်းအတိအကျကိုတော့ နယ်မြေရှင်းလင်းမှုပြီးလို့ ရွာသားတွေကို ပြန်ဝင်ခွင့်ပြုပြီး စစ်ဆေးမှပဲ အတိအကျသိရမယ်လို့ ဆိုပါတယ်။

ဝန်လိုနဲ့ ခိုနန်းကျေးရွာတွေကို သြဂုတ် ၂၁ ရက်စပြီး မင်းဘူးခရိုင်အမှတ်(၄)တပ်ရင်း၊ မင်းဘူးခရိုင်အမှတ်(၇)တပ်ရင်း၊ Yenanthar Youth Force LPDF အဖွဲ့တို့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ကာ ထိခိုက်ပျက်စီးစာရင်းတွေကို ကောက်ယူနေကြပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ပွင့်ဖြူ #စစ်တပ် #ပြည်သူပိုင်ပစ္စည်း #ဖျက်ဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10