အရှိန်ပြင်းမောင်းလာတဲ့ ကားပေါ်က ကျောင်းဆရာမ ၁ ဦး ပြုတ်ကျသေဆုံး

အရှိန်ပြင်းမောင်းလာတဲ့ ကားပေါ်က ကျောင်းဆရာမ ၁ ဦး ပြုတ်ကျသေဆုံး

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မယင်းကျေးရွာအဝင်လမ်းမှာ အရှိန်ပြင်းမောင်းလာတဲ့ ကားပေါ်ကနေ ကျောင်းဆရာမ ၁ ဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကြံတိုင်းအောင် (ဘုရားကြီး-အင်းတကော်) ပြေးဆွဲနေတဲ့ကားဟာ ဇွန် ၂၅ ရက် ည ၇ နာရီလောက်က ဘုရားကြီးမြို့ဘက်ကနေ ပဲခူးမြို့ဘက်ကိုမောင်းနှင်လာချိန် မယင်းကျေးရွာဘက် ရုတ်တရက်ကွေ့လိုက်ချိန်မှာ ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။ 

"ကားပေါ်မှာ ဆရာမနဲ့ နောက်လူငယ်တယောက်ပဲပါတာ။ အရှိန်မောင်းလာပြီး ရုတ်တရက် ချိုးကွေ့လိုက်တော့ ကားအနောက်ဘက်နားထိုင်စီးလာတဲ့ ဆရာမကလည်း ပြုတ်ကျသွားတာ"လို့ ဒေသခံတဦးကပြောပါတယ်။

သေဆုံးသူဟာ ပဲခူးမြို့နယ်၊ ပေပင်ချောင်းကျေးရွာရှိ အလက(ခွဲ) ကင်းချောင်း စာသင်ကျောင်းမှာ စာသင်ပေးနေတဲ့ အသက် ၃၀ အရွယ် လ/ထ(မူပြ)ဆရာမ ဒေါ်နွေးနွေးလင်းဖြစ်ပြီး ဦးခေါင်းနဲ့မျက်နှာ ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ယာဥ်မောင်း ကိုရဲရင့်ဖြိုးမောင် ကို ကားမဆင်မခြင်မောင်းနှင်မှုနဲ့ အင်းတကော်ရဲစခန်းမှာ ဖမ်းဆီး အမှုဖွင့်ထားပြီး ဆရာမရဲ့အလောင်းကိုတော့ ဒေသခံတွေကကောက်ယူပြီး ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကလည်း ပဲခူးမြိုနယ်၊ ဆယ်မိုင်ကုန်းအဆင်းမှာ တွဲကားနဲ့ အုတ်တင်ကားတိုက်မိပြီး ခရီးသည် ၈ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ခရီးသည်ကား #မတော်တဆမှု #အမျိုးသမီး #ပြုတ်ကျသေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10